Home
မြန်မာသတင်း
ကရင်ပြည်နယ်သင်္ကြန်လုံခြုံရေး တိုင်းရင်းသားလက်နက်ကိုင်များဖြင့် ပူးပေါင်းဆောင်ရွက်မည်
DVB
·
April 4, 2019
သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆမှု၊ မူခင်းကြိုတင်ကာကွယ်ရေးနဲ့ လုံခြုံရေး အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး ရှောင်တခင်စစ်ဆေး ဆောင်ရွက်သွားမယ်လို့ ဘားအံမြို့၊ အမှတ် ၇၀ ယာဉ်ထိန်းတပ်ဖွဲ့စု၊ ခေတ္တတပ်ဖွဲ့မှူး ရဲအုပ် ၀င်းသန်းက ပြောပါတယ်။ သင်္ကြန်မှာ ယာဉ်အန္တရာယ်လျော့နည်းစေဖို့၊ လမ်းစည်းကမ်းလိုက်နာ ဖို့၊ပါဝါအိတ်ဇော တပ်မောင်းနှင်တာတွေ၊ ပေါက်ကွဲစေတတ်တဲ့ လက်နက်ခဲယမ်းနဲ့ မူးယစ်ဆးဝါး သယ်ဆောင် လာတာတွေမရှိစေဖို့အတွက် ရည်ရွယ်ပြီး ဆောင်ရွက်တာလို့ ဆိုပါတယ်။ ရဲအုပ်ဝင်းသန်းက “တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကတော့ သူတို့ရဲ့ မိသားစုတပ်ဖွဲ့ဝင်တွေ စီးနှင်းနေတဲ့ယာဉ်တွေကျတော့ ကျနော်တို့က အလုံးစုံမသိနိုင်ဘူး။ မသိနိုင်တဲ့အခါကျတော့ ကျနော်တို့ကိုဝိုင်းဝန်းကူညီပြီး ဆောင်ရွက်ပေးတာဖြစ်ပါတယ်”လို့ ပြောပါတယ်။ ကေအန်ယူ၊ ကေအန်အန်လ်အေငြိမ်းချမ်းရေးကောင်စီ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူး စောအောင်ချစ်က “ငြိမ်းချမ်းရေးအဖွဲ့က ကိုယ်ဟာကိုယ်ထိန်းမယ်ဆိုရင်တော့ အဆင်ပြေမယ်လို့ ထင်တယ်။ ကျနော်တို့ဆီကတော့ တတ်နိုင်သလောက် ကြိုးစားပြီးတော့ ၀ိုင်းဝန်းထိန်းပေးတာ။ မူးယစ်ဆေးဝါးတို့ ကျန်တဲ့ကိစ္စလည်း အများကြီး ပါတဲ့အတွက်ကြောင့်”လို့ ပြောပါတယ်။ ဧပြီ ၁ ရက်ကစပြီး ယာဉ်မတော်တဆမှု၊ မူခင်းကြိုတင်ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေ၊ တပ်မတော်၊ လူမှုရေးအသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဆိုင်ကယ်နဲ့ မော်တော်ယာဉ်တွေကို စစ်ဆေးနေပါတယ်။ မွန်ပြည်နယ်၊ မုဒုံမြို့၊ ဦးမောင်မောင်က“သင်္ကြန်အခါရက်အတွင်းမှာ သောက်စား မူးယစ်တာရှိရင်တော့ အန္တရာယ်ရှိမှာပဲ။ မသောက်တာအကောင်းဆုံးပဲ။ ယာဉ်မောင်းတဲ့ သူတိုင်းက သောက်ပြီးလို့ရှိရင် အသိဉာဏ် ကင်းလွတ်သွားတဲ့အတွက် အန္တရာယ်ဖြစ်တတ် တယ်”လို့ ပြောပါတယ်။ ၂၀၁၈ မဟာသင်္ကြန်ကာလမှာ ကရင်ပြည်နယ်အတွင်း ယာဉ်မတော်တဆမှု ၁၀ မှုဖြစ်ပွားခဲ့ပြီး၊ ဒဏ်ရာ ရရှိသူ ကျား ၁၆ ဦး၊ မ ၈ ဦး၊ သေဆုံးသူ ကျား ၁၀ ဦးနဲ့ ပျက်စီးဆုံးရှုံးမှု တန်ဖိုး ကျပ် ၆၃ သိန်းခန့်ရှိခဲ့တယ်လို့ ယာဉ်ထိန်း ရဲတပ်ဖွဲ့က သိရပါတယ်။ သတင်း- ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024