စစ်ရေးလေ့ကျင့်မှု လေ့လာရန် မြန်မာစစ်တပ်ကို အမေရိကန် ဖိတ်ခေါ်
DVB
·
October 19, 2012
မြန်မာစစ်တပ်ကို Cobra Gold (ရွှေမြွေဟောက်) စစ်ရေးလေ့ကျင့်မှုမှာ ပူးပေါင်းပါဝင်ဖို့ အမေရိကန်က ဖိတ်ကြားဖို့ ရှိနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ရွှေမြွေဟောက် စစ်ရေး လေ့ကျင့်မှုဟာ အမေရိကန်၊ ထိုင်းနဲ့ တခြား အာရှနိုင်ငံတွေက စစ်သည်ပေါင်း ၁ သောင်းကျော် ပါဝင်ပြီး နှစ်စဉ်လေ့ကျင့်တဲ့ အကြီးဆုံး စစ်ရေးလေ့ကျင့်မှု တခု ဖြစ်ပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုမှာပါဝင်ဖို့ မြန်မာကို လေ့လာသူအဖြစ် ဖိတ်ကြားထားတယ်လို့ စစ်ရေးလေ့ကျင့်မှုမှာပါဝင်တဲ့ နိုင်ငံတွေရဲ့ တာဝန်ရှိသူတွေက ပြောကြောင်း သတင်းမှာဖော်ပြပါတယ်။
အခုရက်ပိုင်းအတွင်း အမေရိကန် ဒု - လက်ထောက် ကာကွယ်ရေးဝန်ကြီးနဲ့ တခြား စစ်တပ်အကြီးအကဲတွေ အပါအ၀င် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပိုစနာနဲ့အဖွဲ့ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီးနောက် ဖိတ်ကြားခဲ့တာလို့လည်း ဆိုပါတယ်။