မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်အား အကျင့်ပျက်ခြစားမှု စွဲချက်ဖြင့် စစ်ဆေး

ဓာတ်ပုံ - Reuters
1MDB ရန်ပုံငွေနဲ့ပတ်သက်ပြီး အကျင့်ပျက်ခြစားမှု စွဲချက်တွေအတွက် မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ကို ဧပြီ ၃ ရက်နေ့က ကွာလာလမ်ပူ တရားရုံးချုပ်မှာ စစ်ဆေးခဲ့ပါတယ်။ တရားရုံးချုပ် အပြင်ဘက်မှာ ဝတ်ပြုပြီးနောက် ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဟာ တရားရုံးထဲ ဝင်သွားခဲ့တာပါ။ နာဂျစ်ဟာ မလေးရှား ဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတော်ရန်ပုံငွေ 1MDB က အမေရိကန် ဒေါ်လာ ၄ ဒသမ ၅ ဘီလျံကို ငွေကြေးခဝါချခဲ့တာနဲ့ ပတ်သက်ပြီး စွဲချက် ၇ ခုကို ရင်ဆိုင်နေရပါတယ်။ ဒီတရားစွဲဆိုမှုဟာ SRC International ကုမ္ပဏီဆီက အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၃ သန်းကို နာဂျစ်ရဲ့ ငွေစာရင်းထဲ လွှဲပြောင်းတာနဲ့ ဆက်စပ်နေပါတယ်။ နာဂျစ်ရဲ့ ငွေစာရင်းတွေထဲ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဘီလျံ ရောက်သွားတယ်လို့ စုံစမ်းရေးမှူးတွေက စွပ်စွဲ ပြောကြားပါတယ်။ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ကတော့ အမှားမလုပ်ဘူးလို့ ငြင်းဆိုပြီး အဲဒီစွပ်စွဲချက်တွေဟာ နိုင်ငံရေးအရ လှုံ့ဆော်တာဖြစ်တယ်လို့ ပြောပါတယ်။

More News
Up