ကာဒစ်ကို အနိုင်ယူပြီး မန်စီးတီး အမှတ်ပေးဇယား ဦးဆောင် (ရုပ်သံ)

ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် မနေ့က မန်စီးတီးနဲ့ ကာဒစ်တို့ ယှဉ်ပြိုင်ရာ မန်စီးတီးက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ မန်စီးတီးက အိမ်ကွင်းမှာ ကာဒစ်အသင်းကို စိတ်ကြိုက် ဖိအားပေး ကစားနိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်မှာပါ အပြတ် အသာရခဲ့ပါတယ်။ မန်စီးတီးအတွက် ပွဲအစ ၆ မိနစ်မှာပဲ ဒီဘရိုင်းက အဖွင့်ဂိုး သွင်းယူပေးခဲ့သလို ၄၄ မိနစ်မှာ ဆာနေးက ဒုတိယဂိုး သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် ဒုတိယပိုင်းမှာတော့ မန်စီးတီးအသင်း ထိန်းကစားပြီး ဂိုးထပ်မသွင်းနိုင်တော့ဘဲ နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲမှာ မန်စီးတီးအတွက် ခြေစွမ်းပြပြီး ဦးဆောင်ဂိုး သွင်းပေးခဲ့တဲ့ ကွင်းလယ် တိုက်စစ်ကစားသမား ဒီဘရိုင်းကို အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီပွဲအနိုင်ရတဲ့ မန်စီးတီးအသင်းက ၃၂ ပွဲကစား ရမှတ် ၈၀ နဲ့ ဒုတိယနေရာက လီဗာပူးထက် တမှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပါတယ်။ ကာဒစ်စီးတီးအသင်းကတော့ ၂၈ မှတ်နဲ့ တန်းဆင်းဇုန် အဆင့် ၁၈ နေရာမှာ ရပ်တည်နေပါတယ်။

More News
Up