A d v e r t i s e m e n t With Us

ဖေ့စ်ဘွတ်ခ်ပေါ်တွင် ဝေဖန်ရေးသားခဲ့သည့် မဘသအဖွဲ့ဝင်ဟောင်း ကိုကျော်မျိုးဆွေကို ရုံးထုတ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ဝေဖန်တိုက်ခိုက်ခဲ့လို့ တရားစွဲခံထားရတဲ့ မဘသ အဖွဲ့ဝင်ဟောင်း ကိုကျော်မျိုးဆွေရဲ့အမှု  ဧပြီ ၂ ရက်က ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနစ်အတွင်းက ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တိုက်ခိုက်တဲ့ စာသားတွေနဲ့ ဓာတ်ပုံတွေတင်ခဲ့တဲ့ ကိုကျော်မျိုးရွှေကို မကျေနပ်တဲ့အတွက် ဒေါ်မြမြဌေးက တရားလိုပြုလုပ်ပြီး စမ်းချောင်းမြို့နယ်တရားရုံးမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုခဲ့တဲ့အမှု ရုံးထုတ်စစ်ဆေးတာဖြစ်ပါတယ်။ အခုလို တရားစွဲဆိုဖို့ကို ဥပဒေတတ်သိနားလည်တဲ့ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး ပြုလုပ်ခဲ့တာလို့ တရားစွဲဆိုသူ ဒေါ်မြမြဌေးက ပြောပါတယ်။ ကိုကျော်မျိုးရွှေဟာ မဘသ အဖွဲ့ရှိစဉ်က မန္တလေးတိုင်း အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ သူဖြစ်ပြီး လက်ရှိချိန် ခါးရိုးတီဗွီရောဂါခံစားနေရတဲ့အတွက် ဆေးကုသမှုခံယူနေရ ပါတယ်။ မနေ့က ၁၀ကြိမ်မြောက် ရုံးချိန်းမှာတော့ တရားလို နောက်တိုးသက်သေဖြစ်တဲ့ ဒေါ်သင်းသင်းဦးကို စစ်ဆေးခဲ့ပြီး  လာမယ့်ရုံးချိန်းကို ဧပြီလ ၂၂ ရက် ချိန်းဆိုထားပါတယ်။ ချမ်းမြေ့မောင်

A d v e r t i s e m e n t With Us

More News
Up