A d v e r t i s e m e n t With Us

ရုရှားပြည်ထဲရေးဝန်ကြီးနှင့် မြောက်ကိုရီးယား အရာရှိအချို့ ပြုံယမ်းတွင် တွေ့ဆုံ

မြောက်ကိုရီးယားနိုင်ငံဆီ အလည်အပတ်ရောက်နေတဲ့ ရုရှားပြည်ထဲရေးဝန်ကြီး ဗလာဒီမီယာ ကိုလိုကိုးလ်တဲ့ဗ်ဟာ မြောက်ကိုရီးယား အရာရှိတွေနဲ့ မြို့တော် ပြုံယမ်းမှာ ဧပြီ ၂ ရက်က တွေ့ခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရမီဒီယာက ကြေညာပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ရုရှားနိုင်ငံကို သွားလည်ကောင်း လည်ပတ်နိုင်တယ်လို့လည်း မျှော်လင့်နေကြပါတယ်။ မြောက်ကိုရီးယား ပြည်သူ့လွှတ်တော် အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကင်မ်ယွန်းနမ်၊ ပြည်သူ့လုံခြုံရေးဝန်ကြီး ချိုးပုအီးလ်တို့နဲ့ ရုရှ ပြည်ထဲရေးဝန်ကြီးတို့ဟာ မန်စုဒေး ညီလာခံခန်းမထဲမှာ တွေ့ဆုံခဲ့ကြတယ်လို့ KCNA သတင်းဌာနက ပြောပါတယ်။ ဒီသတင်းကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြုနိုင်မှုတော့ မရှိပါဘူး။ ရုရှား ကိုယ်စားလှယ်အဖွဲ့ဟာ မြောက်ကိုရီးယား မြို့တော်ကို ဧပြီ ၁ ရက်က ရောက်လာတယ်လို့လည်း KCNA က ပြောပါတယ်။ ဒါပေမယ့် လာရောက်လည်ပတ်ရတဲ့ အကြောင်းရင်းကို အကျယ်တဝင့် အသေးစိတ် မပြောခဲ့ပါဘူး။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ရုရှားကို သွားရောက်လည်ပတ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ရုရှားအစိုးရက အရင်လက အတည်ပြု ပြောဆိုပေမယ့် နောက်ထပ် အသေးစိတ်တော့ မသိရသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up