Home
မြန်မာသတင်း
မိတ္ထီလာတွင် သနပ်ခါးလိမ်းသင်္ကြန် ကျင်းပမည်
DVB
·
April 3, 2019
56242749_2894748370664161_7253013862344032256_n
56290899_2894748340664164_450001075269795840_n
56414025_2894748313997500_63473638040403968_n
55949779_2894748207330844_5640810231802888192_n
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ နဂါးရုံဘုရားအနီးက ဗိုလ်ချုပ်ပန်းခြံမှာ မြန်မာ့ရိုးရာ သနပ်ခါးလိမ်း သင်္ကြန်ပွဲတော်ကို သင်္ကြန်အကြိုနေ့မှာ ကျင်းပသွားမယ်လို့  ကမ်းလက်များ ပရဟိတအဖွဲ့က ပြောပါတယ်။ သနပ်ခါးပွဲတော်ကို ကမ်းလက်များအဖွဲ့နဲ့ ပရဟိတလူမှုကူညီရေးအဖွဲ့စုံတို့က ပူးပေါင်း ကျင်းပတာ ဖြစ်ပြီး မိတ္ထီလာမြို့မှာ ဒုတိအကြိမ်မြောက် ကျင်းပတာပါ။ ကမ်းလက်များ ပရဟိတအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမြတ်မင်းက "သနပ်ခါးလိမ်းပြိုင်ပွဲပါမယ်။ ကျေးလက်သဘာဝပြပွဲ သနပ်ခါးပြပွဲတဲလေးတွေနဲ့ ဓာတ်ပုံရိုက်ဖို့နေရာတွေ စတုဒီသာ ကျွေးပွဲတွေပါမယ်။ မြန်မာ့ရိုးရာ သနပ်ခါးကို မြန်မာဝတ်စုံနဲ့ ယဉ်ကျေးသိမ့်မွေ့တဲ့သင်္ကြန်ကို နောင်မျိုးဆက်တွေဆီကို လက်ဆင့်ကမ်းချင်တာပါ။ မိတ္ထီလာမှာ ဒီလိုကျင်းပတဲ့ပွဲတော်တခုကို အမြဲရှိနေအောင်လည်း လုပ်ဆောင်သွားချင်ပါတယ်။" လို့ ပြောပါတယ်။ မိတ္ထီလာမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေ ပရဟိတအဖွဲ့တွေအားလုံး ပူးပေါင်းပါဝင် လုပ်ဆောင်သွားကြမယ်လို့ ဆိုပါတယ်။ ကမ်းလက်အဖွဲ့အတွင်းရေးမှူး ဦးအောင်ကြိုင်က "သနပ်ခါးလိမ်း သင်္ကြန်ပွဲတော်မှာ ကျောက်ပြင်အကြီးကြီးတခုပါမယ်။ ကျောက်ပြင်အသေး ၄၀ ကျော်ရှိမယ်။ သနပ်ခါးတုံး ၁၀၀ ကျော်လောက် ချထားပေးမယ်။ ကိုယ်တိုင်လည်း သွေးလိမ်းနိုင်တယ်။ လိမ်းပေးတာလည်း ပါမယ်။ ဆံရစ်ဝိုင်း မိန်းကလေးတွေပါမယ်။ ပုသိမ်ထီးတွေနဲ့လည်း အလှဆင်ထားမှာပါ။ အခုလို ကျင်းပနိုင်အောင် မြန်မာ့ပြည်တွင်းမှာ ကျင်းပတဲ့ သနပ်ခါးပွဲတော်တိုင်းကို ကျနော်တို့ အဖွဲ့က သွားပြီးလေ့လာထားပါတယ်"လို့ ပြောပါတယ်။ ကမ်းလက်များပရဟိအဖွဲ့နဲ့ ရတနာမယ် ဝိသာခါအဖွဲ့ အ.ထ.က(၁)ကျောင်းသား ကျောင်းသူဟောင်းများအဖွဲ့ လုမ္ဗဏီအဖွဲ့ စတဲ့ ပရဟိတအဖွဲ့ ၄၀ ကျော်နဲ့ ၂၀၁၈ ခုနှစ်ကစပြီး သနပ်ခါးလိမ်းသင်္ကြန်ကို  ကျင်းပခဲ့တာ ဖြစ်ပါတယ်။ သတင်း-မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024