A d v e r t i s e m e n t With Us

ပုဒ်မ ၅၉ (စ) မပြင်ဆင်ရန် ကြံ့ခိုင်ရေးပါတီဝင်များ မြန်အောင်မြို့တွင် ထောက်ခံပွဲပြုလုပ်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေးနဲ့  ပုဒ်မ ၂၆၁ ကို အမြန်ဆုံး အတည်ပြုနိုင်ရေး လူထုထောက်ခံပွဲကို ဧရာဝတီတိုင်းဒေသကြီး  မြန်အောင်မြို့မှာ ကြံ့ခိုင်ရေးပါတီက ဦးဆောင် ပြုလုပ်ခဲ့ပါတယ်။ ဒီထောက်ခံပွဲကို ဧပြီလ ၂ ရက်မနက်က  မြန်အောင်မြို့ ပြည်သူ့ရင်ပြင်မှာ ပြုလုပ်တာဖြစ်ပြီး ကျောင်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်း၊ ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝေလွင်၊ နေပြည်တော်ပါတီ ဌာနချုပ်က ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းမြမြမီမီဇော်နဲ့  စာရေးဆရာ မိုက်ကယ်သန်းတို့ တက်ရောက် ဟောပြော ဆွေးနွေးခဲ့ကြပါတယ်။ လူထုထောက်ခံပွဲကို မြန်အောင်နဲ့ ကြံခင်းမြို့နယ်ထဲက လူ ၁၀၀၀ ကျော်တက်ရောက်ခဲ့ပြီး ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး၊ ပုဒ်မ ၂၆၁ အမြန်ဆုံး အတည်ပြုနိုင်ရေး  ပိုစတာတွေကိုင်ဆောင် ကြွေးကြော်ခဲ့ကြပါတယ်။ ၂၀၀၈ဖွဲ့စည်းပုံ ပုဒ်မ ၅၉ (စ)  ဟာ နိုင်ငံတော် သမ္မတ အရည်အချင်းသတ်မှတ်ချက်နဲ့ ပတ်သက်တဲ့ ပုဒ်မဖြစ်ပြီး သမ္မတတာဝန်ထမ်းဆောင်မယ့်သူရဲ့ မိဘ၊ ဇနီး၊ ခင်ပွန်းနဲ့ သားသမီးတွေဟာ နိုင်ငံခြားသားမဖြစ်ရဘူးလို့ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up