ယူကရိန်းသမ္မတရွေးကောက်ပွဲ ဒုတိယအချီတွင် လက်ရှိသမ္မတနှင့် လူရွှင်တော်ဟောင်းတို့ ယှဉ်ပြိုင်မည်

ယူကရိန်းသမ္မတရွေးကောက်ပွဲ ဒုတိယအချီအတွက် လူရွှင်တော်ဟောင်းနဲ့ ပြည်သူ့ဝန်ထမ်း ပါတီခေါင်းဆောင် ဗလာဒီမီယာ ဇေလန်စကီနဲ့ လက်ရှိသမ္မတ ပေထရို ပိုရိုရှန်ကိုတို့ နှစ်ဦး ယှဉ်ပြိုင်ရမယ်လို့ ယူကရိန်း ဗဟို ရွေးကောက်ပွဲကော်မရှင်ကို ကိုးကားပြီး ဖားစ်သတင်းဌာနက ဧပြီ ၂ ရက်မှာ ဖော်ပြပါတယ်။ မဲအားလုံးရဲ့ ၉၇.၄၈ ရာခိုင်နှုန်း ရေတွက်အပြီးမှာ ရွေးကောက်ပွဲကော်မရှင်က ပြောလိုက်တာပါ။ သူတိုနှစ်ဦးကလွဲပြီး တခြား သမ္မတလောင်း ကိုယ်စားလှယ်အားလုံး နောက်တဆင့် ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရဘဲ ရှုံးနိမ့်ခဲ့တယ်လို့ တက်စ်သတင်းဌာနက ထုတ်ပြန်ပါတယ်။ ဇေလန်စကီက ၃၀.၂၄ ရာခိုင်နှုန်း၊ ပိုရိုရှန်ကိုက ၁၅.၉၃ ရာခိုင်နှုန်းနဲ့ တီမိုရှန်ကိုက ၁၃.၃၉ ရာခိုင်နှုန်း အသီးသီး မဲရခဲ့တာပါ။ ဒါကြောင့် ဧပြီ ၂၁ မှာ ကျင်းပမယ့် ရွေးကောက်ပွဲ ဒုတိယအဆင့် ဇေလန်စကီနဲ့ ပိုရိုရှန်ကိုတို့ ဆက်ပြီး ယှဉ်ပြိုင်ကြဖို့ ရှိနေပါတယ်။ ယူကရိန်းနိုင်ငံဟာ ၂၀၁၄ မှာ ရုရှားရဲ့ ကျူးကျော်မှုကြောင့် ခရိုင်းမီးယားဒေသကို ဆုံးရှုံးထားပါတယ်။ နိုင်ငံအရှေ့ပိုင်းမှာလည်း ရုရှားကိုလိုလားတဲ့ ခွဲထွက်ရေးသမားတွေနဲ့ ပြည်တွင်းစစ်ကို ရင်ဆိုင်နေရတာပါ။ စစ်တပ်အပါအဝင် နယ်ပယ်တွေက အဂတိလိုက်စားမှုတွေအတွက် ဆန္ဒပြပွဲတွေလည်း လတ်တလော သီတင်းပတ်တွေအတွင်း ဆင်နွှဲနေကြပါတယ်။

More News
Up