A d v e r t i s e m e n t With Us

အီရန်တွင် မိုးသည်းထန်ပြီး ရေကြီး၊ ရွာပေါင်း ၇၀ ဘေးကင်းရာရွှေ့ပြောင်း

ဓာတ်ပုံ - AFP/GETTY
အီရန်နိုင်ငံ အနောက်တောင်ပိုင်းက ရေနံကြွယ်ဝတဲ့ ခုဇက်စ်တန်ခရိုင်အတွင်း ရေကြီးနေလို့ ရွာပေါင်း ၇၀ ကို ဘေးကင်းရာ ရွှေ့ပြောင်းဖို့ အီရန်အစိုးရက ဧပြီ ၂ ရက်မှာ အမိန့်ထုတ်ခဲ့ပါတယ်။ ရွာတွေဟာ မြစ်နှစ်ခုနဲ့ နီးနေတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးကို ကိုးကားပြီး အစိုးရသတင်းဌာန IRNA က ထုတ်ပြန်ပါတယ်။ ဆယ်စုနှစ်တခုအတွင်း အသည်းထန်ဆုံး မိုးရွာခဲ့လို့ အီရန်နိုင်ငံ မြောက်ပိုင်းကနေ တောင်ပိုင်းအထိ ခရိုင်အတော်များများမှာ ရုတ်တရက် ရေကြီးခဲ့ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း လူ၄၇ ဦးထက်မနည်း သေဆုံးပါတယ်။ မတ်လ ၁၉ ရက်ကစပြီး မိုးကြီးနေလို့ အီရန်ရဲ့ ခရိုင် ၃၁ ခုထဲက ၂၆ ခုထက်မနည်းမှာ ရေကြီးနေတာပါ။ ရေဘေးကြောင့် ခရိုင်အတော်များများမှာ အီရန်အစိုးရက အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ ဒါဇင်နဲ့ချီတဲ့ ရွာတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပြီးပေမယ့် ရေဘေးသင့်ခရိုင်တွေအတွင်း အိမ်တွေကနေ ထောင်သောင်းချီတဲ့ လူတွေကို ဘေးလွတ်ရာ ရွှေ့နေရဆဲပါ။ မြို့တော်တီဟီရန်ကို ရေလွှမ်းမယ့် ဖြစ်နိုင်ချေကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို တပ်လှန့်ထားတယ်လို့ အရာရှိတွေက ပြောပါတယ်။ ပြည်သူတွေ မြစ်တွေ ဆည်တွေနားက နေရာတွေနဲ့ ဝေးဝေးနေဖို့လည်း ဆော်သြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up