ရုရှား စစ်တပ် အာကာသသိပ္ပံတွင် ပေါက်ကွဲမှုဖြစ်၊ လူ ၄ ဦးထက်မနည်း ဒဏ်ရာရ

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ အလက်ဇန်းဒါး မိုဇေစကီ စစ်တပ်အာကာသသိပ္ပံမှာ ဧပြီ ၂ ရက်က ပေါက်ကွဲမှုကြောင့် လူလေးဦးထက်မနည်း ဒဏ်ရာရပါတယ်။ ဖောက်ခွဲရေးပစ္စည်းကို တလွဲကိုင်တွယ်မိလို့ ပေါက်ကွဲတာဖြစ်ကြောင်း အရေးပေါ်ဌာန သတင်းရင်းမြစ်ကို ကိုးကားပြီး တက်စ်သတင်းဌာနက ဖော်ပြပါတယ်။ ကျောင်းဝင်းထဲမှာတွေ့တဲ့ ဘာမှန်းမသိတဲ့ ပစ္စည်းကြောင့် ပေါက်ကွဲမှုဖြစ်တာလို့ ဒေသခံ သတင်းဌာန ဖွန်တန့်ခါက ပြောပါတယ်။ ဒဏ်ရာရသူတွေကို အင်္ဂါညနေ ၅ နာရီမှာ ဆေးရုံတင်ပို့ထားပြီး သူတို့အခြေအနေကို မသိရသေးပါဘူး။

More News
Up