Home
မြန်မာသတင်း
ကျူးကျော်အားမပေးရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြော
သော်ဇင်မျိုး
·
April 2, 2019
ကျူးကျော်တာတွေ မလုပ်ဖို့ကြဖို့နဲ့ ကျူးကျော်သူတွေကို အားမပေးဖို့နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းဆုကြည်က ဒီနေ့ ဧရာဝတီတိုင်း၊ အိမ်မဲမြို့ လူထုတွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။ ပုသိမ်နဲ့ အိမ်မဲမြို့က လူထုတွေ့ဆုံပွဲတွေမှာ ကျူးကျော်တွေနဲ့ပတ်သက်လို့ အစိုးရဘက်က ထိရောက်တဲ့အရေးယူမှုတွေ မလုပ်တဲ့အပေါ် ပြည်သူအချို့က တင်ပြကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ကျူးကျော်တဲ့အလုပ်တွေမလုပ်ကြဖို့ နေရေးထိုင်ရေး အတွက် အခက်အခဲရှိတယ်ဆိုရင် အစိုးရနဲ့တိုင်ပင်ပြီး စီစဉ်လို့ရကြောင်း၊ တချို့စီးပွားဖြစ် ကျူးကျော်တာတွေရှိကြောင်း၊ ပြည်သူကိုအသုံးချပြီး ကျူးကျော်ခိုင်းတဲ့အုပ်စုတွေလည်း တတိုင်းပြည်လုံးရှိနေပြီး ဒါတွေကိုအားမပေးသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီ ၁ ရက်နေ့က မြောင်းမြတံတားသစ်ဖွင့်ပွဲကို တက်ရောက်ခဲ့ပြီးတဲ့နောက် ကျောင်းကုန်းမြို့နဲ့ ပုသိမ်မြို့တွေမှာ လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့ပါတယ်။ ဧပြီ ၂ ရက်နေ့မှာတော့ အိမ်မဲမြို့မှာ လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး ပန်းတနော်၊ မအူပင်နဲ့ ညောင်တုန်းမြို့တွေမှာ  မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024