A d v e r t i s e m e n t With Us

လီဗာပူးအသင်း ချန်ပီယံဖြစ်ရန် လက်ကျန်ပွဲစဉ်အားလုံး အနိုင်ကစားဖို့လိုဟု မာနေး ပြော

မန်စီးတီးကို ကျော်ဖြတ်ပြီး ချန်ပီယံဖြစ်ဖို့အတွက် လက်ကျန်ပွဲစဉ်တွေ အားလုံး အနိုင်ကစားဖို့လိုတယ်လို့ လီဗာပူးကွင်းလယ်လူ မာနေးက ပြောကြားလိုက်ပါတယ်။ လီဗာပူးအသင်းဟာ လက်ကျန် ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲအလိုမှာ ဒုတိယနေရာက မန်စီးတီးကို နှစ်မှတ်အကွာနဲ့ အမှတ်ပေးဇယား အဆင့် ၁ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် မန်စီးတီးက တပွဲလျော့ ကစားထားတဲ့အတွက် အဲဒီပွဲစဉ်မှာ အနိုင်ရမယ်ဆိုရင်တော့ အဆင့် ၁ နေရာကို တမှတ်အကွာနဲ့ ပြန်လည်ရယူနိုင်မှာ ဖြစ်ပါတယ်။ မန်စီးတီးကို ကျော်ဖြတ်ပြီး ချန်ပီယံဖြစ်ဖို့ဆိုရင် လက်ကျန် ၆ ပွဲစလုံး အနိုင်ကစားဖို့လိုပြီး ခက်ခဲပေမယ့်လည်း လုပ်နိုင်တဲ့ကိစ္စ ဖြစ်တယ်လို့ မာနေးက ဆိုပါတယ်။ မာနေးဟာ နောက်ပိုင်းပွဲစဉ်တွေမှာ အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးတွေ သွင်းယူပေးနေပြီး ခြေစွမ်းပြနေတာ ဖြစ်ပါတယ်။ စပါးနဲ့ပွဲမှာ နောက်ကျဂိုးနဲ့ အနိုင်ရခဲ့ပြီး သူဂိုးမသွင်းနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး ပြောကြားရာမှာတော့ ဘောလုံးမှာ ဖြစ်တတ်တဲ့အရာလို့ မာနေးက ပြောကြားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up