A d v e r t i s e m e n t With Us

ပုသိမ်မြို့ သိုး​မွေးစက်ရုံ၌ သရဲဝင်​ပူးသည်​ဆိုကာ အလုပ်သမများ သတိလစ်၍ ဆေးရုံပို့ဆောင်

ဧရာဝတီတိုင်း၊ ပုသိမ်စက်မှုဇုန်ရှိ သိုး​မွေးစက်​ရုံမှာ ဧပြီ ၂ ရက်​​ ဒီကနေ့ မနက်ပိုင်းက  စက်ရုံ အလုပ်သမ ၂၃ ဦးဟာ သရဲဝင်​ပူးတယ်​ဆိုပြီး ​အော်ဟစ်သတိလစ်ခဲ့တာ​ကြောင့် ဆေးရုံသို့ ပို့ဆောင်​ခဲ့ရပါတယ်​။ ပုသိမ်​စက်​မှုဇုန်​အတွင်းက မြန်​မာနစ်တင်းဇက်ထရီ သိုးမွေးစက်​ရုံက အလုပ်သမတဦး အိမ်သာ အပြန်မှာ အော်ဟစ်လိုက်တာကြောင့် ကျန်တဲ့ အမျိုးသမီးတွေပါ လန့်ပြီး သတိလစ်တာနဲ့ တက်တာတွေ ဖြစ်ကုန်တယ်လို့ မျက်​မြင်​​တွေ့ရှိသူ​တွေက​ ပြောပါတယ်​။ “မူးတာတွေ သတိလစ်တာတွေပေါ့၊ တချို့ဆို အံတွေကြိတ်နေတာ တွေရှိတယ်။ အကုန်လုံးကိုတော့ ဆေးရုံကိုပို့ပေးနေပါတယ်"လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ဧရာဝတီတိုင်း ရုံးအဖွဲ့ဝင် ကိုအောင်ထက်ပိုင် က​ ပြောပါတယ်​။ အလုပ်သမားတွေ သတိလစ်မူးလဲ၊ ငိုယိုအော်ဟစ် နေတဲ့အတွက်​ စက်​ရုံတာဝန်ရှိသူ​တွေနဲ့ ရဲတပ်ဖွဲ့ဝင်​​တွေ လာ​ရောက်​ကြည့်ရှုခဲ့သလို ဘုန်းကြီး​တွေပင့်ဆောင်​ပြီး တရားနာယူခဲ့ တယ်​လို့ သိရပါတယ်​။ အလုပ်သမတွေကို​တော့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ဧရာဝတီတိုင်း ဒေသကြီး)က လူနာတင်ယာဉ် ၁၀ စီးနဲ့ အခြားပရဟိတလူမှုအဖွဲ့အစည်း​တွေက လူနာတင်ယာဉ်​ ​တွေနဲ့ ပုသိမ်ပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။ မြမင်းဦး(ပုသိမ်​)

A d v e r t i s e m e n t With Us

More News
Up