Home
မြန်မာသတင်း
စည်ပင်ရွေးကောက်ပွဲ မဲရုံများအနီး မဲရုံတာဝန်နှင့် မသက်ဆိုင်သူများ လာရောက်ခဲ့
စိုးမိုးအောင်
·
April 2, 2019
ပြီးခဲ့တဲ့ ရန်ကုန်စည်ပင်ရွေးကောက်ပွဲအတွင်း မဲရုံတွေအနီးမှာ တာဝန်ရှိသူမဟုတ်သူတွေ ၁၅ ရာခိုင်နှုန်း လောက်အထိရှိနေခဲ့တယ်လို့ စောင့်ကြည့်အဖွဲ့တဖွဲ့ဖြစ်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့(PACE)က  စီမံကိန်းအစီအစဉ်မန်နေဂျာ ဦးဟန်စိုးထွန်းက ပြောပါတယ်။ ရွေးကောက်ပွဲအတွင်း မဲရုံတွေမှာ ကိုယ်စားလှယ်လောင်းရဲ့ မဲရုံကိုယ်စားလှယ်တွေက ၈၈ ရာခိုင်နှုန်း လောက်ရှိပေမယ့် တာဝန်မရှိသူတွေကလည်း  ၁၅ ရာခိုင်နှုန်းလောက်အထိ ရှိနေတယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ဟာ စည်ပင်ရွေးကောက်ပွဲမှာ မြို့နယ် ၃၃ မြို့နယ်က မဲရုံပေါင်း ၃၀၀ မှာ စောင့်ကြည့်လေ့လာသူ ၃၇၈ ဦးနဲ့စောင့်ကြည့်ခဲ့ပြီး အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။ မတ်လ ၃၁ရက် ရွေးကောက်ပွဲနေ့ မဲပေးနေစဉ်ကာလအတွင်း မဲရုံတွေရဲ့ ၄၃ရာခိုင်နှုန်းမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီက ကိုယ်စားလှယ်တွေ တွေ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် မဲရုံတွေရဲ့ ၇၈ရာခိုင်းနှုန်းမှာ အန်အယ်လ်ဒီ ပါတီက ကိုယ်စားလှယ်တွေတွေ့ရသလို မဲရုံ ၄၁ ရာခိုင်နှုန်းမှာတော့  တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲရုံကိုယ်စားလှယ်တွေ တွေ့ရတယ်လို့ ဆိုပါတယ်။ မဲရုံတွေရဲ့ ၇၈ ရာခိုင်နှုန်းမှာ မဲရုံတာဝန်နဲ့ မသက်ဆိုင်တဲ့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ မဲရုံတွေရဲ့ ၁၅ ရာခိုင်နှုန်းမှာရှိနေသလို  မဲရုံကိုယ်စားလှယ်မဟုတ်တဲ့ ပါတီဝင်တွေက မဲရုံတွေရဲ့ ၇ ရာခိုင်နှုန်းမှာ ရှိနေခဲ့ကြတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024