Home
မြန်မာသတင်း
အမြန်လမ်းတွင် မတ်လအတွင်း  လူ ၂၀ သေဆုံး၊ ၁၁၃ ဦးဒဏ်ရာရ  
DVB
·
April 2, 2019
55887827_398232407689973_4239934896488841216_n
နေပြည်တော် အမြန်လမ်းမကြီးပေါ်မှာ ၂၀၁၉ ခုနှစ် မတ်လအတွင်း ယာဉ်မတော်တဆ မှုပေါင်း ၅၀ ကျော်ဖြစ်ပွားခဲ့ပြီး လူ ၂၀ သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရရှိသွားတယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ပါတယ်။ အရှိန်လွန်ပြီးမောင်းတာနဲ့ မဆင်မချင်မောင်းနှင်တာကြောင့် ယာဉ်မတော်တဆမှု အများဆုံးဖြစ်ပွားခဲ့ပြီး  သေဆုံး အမျိုးသား ၁၁ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၂၀ဦးနဲ့ ဒဏ်ရာရသူ ကျား ၆၁ ဦး၊ မ ၅၂ ဦး စုစုပေါင်း  ၁၁၃ဦးရှိပါတယ်။ ယာဉ်တိုက်မှုတွေထဲမှာတော့ အိမ်စီးကား ၂၉  စီး၊ Express ကား ၉စီး ၊ ကုန်တင်ယာဉ် ၅စီးနဲ့ ဆိုင်ကယ် ၈ စီးတို့ ပါဝင်တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁ရက် ညကလည်း  ရန်ကုန်-နေပြည်တော်လမ်း မိုင်တိုင်(၄၀/၃- ၄၀/၄)အကြားမှာ ရန်ကုန်မှနေပြည်တော်ဘက်သို့ မောင်းနှင်လာတဲ့ ရှမ်းမလေး ခရီးသည်တင်ယာဉ်ဟာ  ရုတ်တရက်ကန့်လန့် ဖြတ်လမ်းမောင်းလာတဲ့ ဆိုင်ကယ်ကို ရှောင်လိုက်ရာက ယာဉ်မတော်တဆမှုဖြစ်ပွားပြီး လူ ၂ ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လထဲမှာ သတ်မှတ်အရှိန်နှုန်း ကျော်လွန်မောင်းတဲ့ ယာဉ် ၁၃၃၄ စီးနဲ့ ဆိုင်ကယ် ၁၂၅ စီးကို စိစစ်တေခဲ့တဲ့အကြောင်းနဲ့ ခရီးသွားပြည်သူတွေနဲ့ ဒေသခံ ပြည်သူတွေအနေနဲ့ ထုတ်ပြန်ထားတဲ့  ဥပဒေ၊ အမိန့်၊ ညွန်ကြားချက်၊ တားမြစ်ချက်တွေကို လေးစားလိုက်နာကြဖို့လည်း အမြန်လမ်းရဲတပ်ဖွဲ့က သတိပေးထားပါတယ်။ ဓာတ်ပုံ- အမြန်လမ်းရဲတပ်ဖွဲ့
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024