ရမ်ဆေး၊ လာကာဇက်တီတို့၏ သွင်းဂိုးဖြင့် အာဆင်နယ်က နယူးကာဆယ်ကို နိုင် (ရုပ်သံ)

ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အာဆင်နယ်နဲ့ နယူးကာဆယ်တို့ မနေ့က ယှဉ်ပြိုင်ရာ အာဆင်နယ်က ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အာဆင်နယ်ဟာ ဒီပွဲမှာ မစ်ခီတာယန်းနဲ့ အူဘာမီယန်းတို့ကို အရန်ခုန်မှာထားပြီး လာကာဇက်တီ၊ အိုင်ဝိုဘီ၊ အိုဇေးလ်၊ ရမ်ဆေး၊ ဂွမ်ဒေါင်ဇီ စတဲ့ ကစားသမားတွေနဲ့ ပွဲထွက်လာပါတယ်။ ပွဲချိန် မိနစ် ၃၀ မှာ အာဆင်နယ်ကွင်းလယ်လူ ရမ်ဆေးက အဖွင့်ဂိုးသွင်းယူပြီး ပထမပိုင်းမှာ အာဆင်နယ်က ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှုရော ထိုးဖောက်ကန်သွင်းခွင့်မှာပါ အသာရခဲ့ပါတယ်။ အာဆင်နယ်အတွက် ဒုတိယဂိုးကိုတော့ တိုက်စစ်မှူး လာကာဇက်တီက ပွဲချိန် ၈၃ မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ အာဆင်နယ်အတွက် ခြေစွမ်းပြပြီး အဖွင့်ဂိုး သွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူ ရမ်ဆေးကို အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီပွဲအနိုင်ရတဲ့ အာဆင်နယ်က ရမှတ် ၆၃ မှတ်နဲ့ စပါးနဲ့ မန်ယူတို့ရဲ့အထက် အဆင့် ၃ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ နယူးကာဆယ်ကတော့ ၃၅ မှတ်နဲ့ အဆင့် ၁၄ မှာပဲ ဆက်လက် ရပ်တည်နေပါတယ်။

More News
Up