မန်ယူတွင် ပေါ့ဂ်ဘာ ဆက်ရှိနေမည်ဟု နည်းပြ ဆိုးလ်ရှား ပြော

1.2K
ကွင်းလယ်လူ ပေါ့ဂ်ဘာဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာပဲ ဆက်ရှိနေမှာဖြစ်တယ်လို့ နည်းပြ ဆိုးလ်ရှားက အတည်ပြု ပြောကြားလိုက်ပါတယ်။
ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာက ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ခွင့်ရဖို့ဆိုတာ ကစားသမားတိုင်းအတွက် အိပ်မက်တခုဖြစ်ပြီး ဇီဒန်း ပြန်လည်ကိုင်တွယ်နေတာဟာလည်း စွဲဆောင်မှုတခုဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန် မန်ယူအသင်းမှာ ပျော်နေပေမယ့် အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလို့ ပေါ့ဂ်ဘာက ပြောကြားထားခဲ့တာ ဖြစ်ပါတယ်။
ပေါ့ဂ်ဘာရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး ဆိုးလ်ရှားက သူဟာ ယဉ်ကျေးတဲ့ ကစားသမားတဦး ဖြစ်တဲ့အတွက် ပုံမှန်အတိုင်းပဲ မေးခွန်းတွေက ဖြေကြားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဇီဒန်းဟာ ပြင်သစ်ကစားသမားတွေရဲ့ စံပြကစားသမား ဖြစ်တာကြောင့် သူ့ကို ချီးကျူးခဲ့တာဟာ မထူးဆန်းဘူးလို့လည်း ဆိုးလ်ရှားက ပြောပါတယ်။
ပေါ့ဂ်ဘာဟာ အသင်းမှာ ပျော်ရွှင်နေသူဖြစ်ပြီး အသင်းရဲ့ အရေးပါတဲ့ ကစားသမား ဖြစ်တဲ့အတွက် အသင်းပြောင်းရွှေ့မှာ မဟုတ်ကြောင်းလည်း ဆိုးလ်ရှားက ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။