Home
မြန်မာသတင်း
ရခိုင်ပြည်နယ် တိုက်ပွဲကြောင့် လျှပ်စစ်မီးပြန်ရရှိရေး လုပ်ငန်း ကြန့်ကြာနေ
DVB
·
April 1, 2019
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ် အကြားမှာ  တပ်မတော်နှင့် အေအေ (ရက္ခိုင့်တပ်မတော်)တို့ တိုက်ပွဲဖြစ်ပွားနေလို့  လျှပ်စစ်မီးပြန်လည်ရရှိရေးလုပ်ငန်းတွေ ကြန့်ကြာနေပါတယ်။ မတ်လ ၃၁ ရက်ညက အချိန်အခါမဟုတ် မိုးရွာသွန်း၊ လေပြင်းတိုက်ခတ်ပြီး လျှပ်စစ်မီးပြတ်တောက်သွားခဲ့လို့ ဒီမနက်ပိုင်းကစပြီး ဓာတ်အားလိုင်း ပြတ်တောက်နေတဲ့ နေရာကို လိုက်ရှာဖွေနေရာမှာ  ဘူးသီးတောင်နဲ့ ရသေ့တောင်အကြား တိုက်ပွဲ ဖြစ်ပွားလို့ လုပ်ငန်း ဆက်မလုပ်နိုင်ဘဲ ရပ်တန့်ထားရတယ်လို့ မောင်တောခရိုင်လျပ် စစ်အင်ဂျင်နီယာ ဦးဦးအောင်လှစောက ပြောပါတယ်။ "ကျနော်တို့ မောင်တောနဲ့ ဘူးတောင်လမ်းတလျောက် စစ်ဆေးပြီးသွားပါပြီ ရသေ့တောင်မှာ စစ်ဆေးဖို့ ထွက်လာတဲ့ အဖွဲ့က လမ်းမှာ တိုက်ပွဲနဲ့ ကြုံနေတော့ စစ်ဆေးရေးလုပ်ငန်တွေ ဘာမှမလုပ်နိုင်ဘူး။ လမ်းလည်းပိတ်ထားတယ်။ ရသေ့တောင်မှာ လျှပ်စစ်မီးမပြတ်ပါဘူး။ ဘူးသီးတောင်နဲ့ ရသေ့တောင်ကြားမှာ ပြတ်တောက်နေတာ ဖြစ်နိုင်ပါတယ်"လို့ပြောပါတယ်။ စပါးထားနဲ့ ကွမ်းတောင်ကြားမှာ  လက်နက်ကြီး လက်နက်ငယ်သံတွေ ကြားနေရပြီး တိုက်ပွဲပြင်းထန် ဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။ ဗညား
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024