ထိုင်းမြောက်ပိုင်း ပြည်နယ်များတွင် အဆိုးရွားဆုံး မီးခိုးမြူထူ အကျပ်အတည်း စံချိန်တင်

ထိုင်းနိုင်ငံရဲ့ မြောက်ပိုင်းပြည်နယ်တွေမှာ အဆိုးရွားဆုံး မီးခိုးမြူထူ အကျပ်အတည်းဟာ နိုင်ငံတွင်း စံချိန်တင်ခဲ့ပါတယ်။ မတ်လ ၃၀ ရက်က လေထု ၁ ကုဗမီတာမှာ ပါဝင်တဲ့ အမှုန်တွေဟာ ၇၀၀ မိုက်ခရိုဂရမ်ကို ကျော်လွန်ခဲ့ပါတယ်။ နိုင်ငံမြောက်ပိုင်းက ဒေသခံတွေ အနေနဲ့ လေအေးပေးစက် တပ်ထားတဲ့ အခန်းတွေထဲမှာ နေကြဖို့၊ အခန်းပြင်ပ လှုပ်ရှားတာတွေကို ရှောင်ကြဖို့၊ ဒါ့အပြင် မဖြစ်မနေ အပြင်ထွက်ရမယ် ဆိုရင် မျက်နှာဖုံးတွေ တပ်ဆင်ထားဖို့ အကြံပြုထားပါတယ်။ ကမ္ဘာ့ဘေးကင်းရေး စံသတ်မှတ်ချက်အရ လေထုအတွင်း အမှုန်ပါဝင်နှုန်းဟာ လေထု ၁ ကုဗမီတာမှာ အချင်း ၂ ဒသမ ၅ မိုက်ခရိုမီတာထက် သေးတဲ့ အမှုန် ၅၀ မိုက်ခရိုဂရမ် ဖြစ်ပါတယ်။ ဒါပေမယ့် ချင်းမိုင်ခရိုင်ရဲ့ အစိတ်အပိုင်း အများစုဟာ ဘေးကင်းရေး စံချိန်ရဲ့ အထက်မှာ ဆက်ရှိနေပြီး ဆာမိုအန်ခရိုင်မှာတော့ ဘေးကင်းရေးစံချိန်ရဲ့ ၁၀ ဆထိ ရောက်နေလို့ ဆိုးရွားတဲ့ ကျန်းမာရေး ခြိမ်းခြောက်မှုအဆင့်မှာ ရှိနေပါတယ်။ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာဟာ ချင်းမိုင်ကို ဧပြီ ၂ ရက်မှာ သွားရောက်လည်ပတ်ဖို့ စီစဉ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up