Home
မြန်မာသတင်း
မန္တလေးသင်္ကြန်​တွင် လူငယ်နှင့် က​လေးသံချပ်​အဖွဲ့များ ပါဝင်ယှဉ်​ပြိုင်​မည်
Aung Aung Naing
·
April 1, 2019
အခုနှစ်ကျင်းပမယ့် မန္တ​လေးမြို့  မဟာသင်္ကြန်​ပွဲတော်မှာ လူငယ်နှင့် ကလေးသံချပ်အဖွဲ့တွေ  ပါဝင်ယှဉ်ပြိုင်ကြဖို့ ရှိနေပါတယ်။ အောင်​​မြေသာစံမြို့နယ်​မှာ ​အောင်​စံ​မောင်​ က​လေးသံချပ်​​အဖွဲ့ကလည်း ပထမဆုံး​ခြေလှမ်း အဖြစ်​ ၀င်​​ရောက်​ယှဉ်​ပြိုင်​နိုင်​ဖို့မနေ့ကတည်းက စတင် သံချပ်​တိုက်​​နေ ပါတယ်​။ ကလေးသံချပ်​အဖွဲ့ ဦးဆောင်သူ ​မောင်​​ဝေထူးပိုင်းက “ကျ​နော်​တို့ ရပ်​ကွက်​ဘုန်းကြီး​ ကျောင်းဝင်းထဲကို ​အောင်​စံ​မောင်​သံချပ်​အဖွဲ့က ဦး​လေးကြီး​တွေ နှစ်​တိုင်းလာ လာပြီး သံချပ်​တိုက်​ကြတာကို ကြည့်ပြီး ကျ​နော်​လည်း ဝါသနာပါလာလို့ ကျ​နော်​လည်းအဲလို သံချပ် ထိုးချင်​တယ်​​ပြောတော့  ဦး​လေးကြီးက မင်းတို့ဆုရ​အောင်​ကြိုးစားရင်​လုပ်​​ပေးမယ်​​ပြော​တော့ ကျ​နော်​လည်း ကြိုးစားမှာလို​ပြောလို့ လူစု​ပေးပြီး ကျ​နော်​တို့ကို က​လေးသံချပ်​ကို ဒီနှစ်​စပြီး​ထောင်​​ပေးတာပါ”လို့ ပြောပါတယ်။ ​ပထမဆု ၃ကြိမ်​ရထားဖူးတဲ့ ​အောင်​စံ​မောင်​သံချပ်​အဖွဲ့က ဦး​​ဆောင်​တဲ့ က​လေးသံချပ်​အဖွဲ့ကို ‘တကယ်​​ဖောက်​တဲ့​ဗျောက်​’လို့ အမည်​​ပေးထားပြီး အသက်​ ၁၀နှစ်​က ၁၃ နှစ်​အတွင်းရှိ  က​လေး ၁၅​ယောက်​က ပါဝင်​ယှဉ်​ပြိုင်​သွားမှာဖြစ်​ပါတယ်​။ က​လေးသံချပ်​ကို ဦး​ဆောင်​တဲ့ ကိုထွန်းထွန်းက​ “ကျန်းမာ​ရေး​ကောင်းမှသာ ပညာ​ရေး​ ကောင်းမှာဖြစ်​​လို့ ကျန်းမာ​ရေးနဲ့ ပညာ​ရေးကို အဓိက​ဇောင်း​ပေးထားပါတယ်​။ က​လေး​တွေက ဆန္ဒပြင်းပြ​နေ​တော့ အခုလို ​ဗျောက်အဖွဲ့က​လေး သံချပ်​ဆိုပြီး စတင်​လိုက်​တာပါ။ လူငယ်​မျိုးဆက်​သစ်​​တွေကို​ မွေးထုတ်​​ပေးတဲ့သ​ဘောပါ”လို့ ပြောပါတယ်​။ ၂၀၁၉ မဟာသင်္ကြန်​မှာ လူငယ်သံချပ်​အဖွဲ့တွေဖြစ်ကြတဲ့  အောင်​​မြေသာစံမြို့နယ်က ‘တကယ်​​ဖောက်​မယ့်​ဗျောက်​’၊ ရတနာပုံ တက္ကသိုလ်​​ကျောင်းသားများသမဂ္ဂက  ‘ဟိုထိုးဒီထိုး​ ရွှေလက်​ညိုး’၊ ပုသိမ်​ကြီးမြို့နယ်​က ‘သဗြွန်း’ မုံရွာမြို့က ‘ကာဒိုင်း’၊ စစ်​ကိုင်းက ‘အညာကဗျာ’ စတဲ့ သံချပ်​အဖွဲ့ ၇ဖွဲ့က မန္တ​လေးမဟာသင်္ကြန်​ ဗဟိုမဏ္ဍပ်​မှာ ဝင်​​ရောက်​ယှဉ်​ပြိုင်​ကြမှာဖြစ်​ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024