Home
မြန်မာသတင်း
စည်ပင်ရွေးကောက်ပွဲ အန်အယ်လ်ဒီ ကိုယ်စားပြုဝင်ပြိုင်သူ အားလုံးနီးပါး အနိုင်ရ
ပိုင်စိုး
·
April 1, 2019
56161914_1782640521838050_8563831726395097088_n
မနေ့ကကျင်းပတဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီ ကိုယ်စားပြုဝင်ပြိုင်သူ အားလုံးနီးပါး အနိုင်ရတယ်လို့ ရန်ကုန်တိုင်း အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဦးမြင့်ဌေးက ပြောပါတယ်။ “ဒီမနက်ကတော့ Confirm မလာသေးဘူး။ ညက အထိကတော့ ဆိပ်ကမ်းတမြို့နယ်တော့ ရှုံးတယ်ဗျ။ ကျန်တဲ့ ၃၂ မြို့နယ် အားလုံးနီးပါးနိုင်တယ်လို့ သိရတယ်။ တရားဝင်တော့ မကြေညာသေးဘူးပေါ့နော်။ ဆိပ်ကမ်းမှာက ဥက္ကဋ္ဌနေရာ ဝင်ပြိုင်တာပါ။ အဲဒီမှာ ရှုံးတာတော့ သေချာတယ်” လို့ ပြောပါတယ်။ အန်အယ်လ်ဒီပါတီအနေနဲ့ မြို့နယ်အဆင့်မှာ ၈၄ ယောက်၊ မြို့တော်ကော်မတီဝင်က ၆ ယောက်၊ စုစုပေါင်း အယောက် ၉၀ ဝင်ပြိုင်ခဲ့တာပါ။ မဲရလဒ်တွေကိုတော့ ရန်ကုန် မြို့တော်ခန်းမမှာ စည်ပင်ရွေးကောက်ပွဲကော်မရှင်က ဒီနေ့ မနက်ကစလို့ ထုတ်ပြန်ပေးနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024