A d v e r t i s e m e n t With Us

ကျောင်းသား ၂ ​ဦးအား ပစ်​သတ်ခဲ့သည့် PNA ပြည်သူ့စစ်တပ်သားကို ဖမ်းဆီးအမှုဖွင့်

ပအိုဝ်းကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်ရဒေသ ဆီဆိုင်​မြို့နယ်​ တဘက်ကျေးရွာအုပ်စု မဲဟဲရွာ ဘုန်းတော်ကြီးကျောင်းမှာ ၈ နှစ်အရွယ် ကျောင်းသား ၂ ဦးကို ​PNA ပြည်သူ့စစ်တပ်သား​​​​တဦးက သေနတ်နဲ့​ပစ်သတ်မှု ဖြစ်ပွားခဲ့ပါတယ်​။ PNA ပြည်​သူ့စစ်​အဖွဲ့ဝင်​ ဦးဖွားဟာ ဘုန်းကြီးကိုမ​ကျေနပ်​တဲ့​အတွက်​ ဘုန်းကြီး​ကျောင်းကို တက်​ပြီး ပြဿနာရှာကာ ဘုန်းကြီးက ဆုံးမတားထားတဲ့ကြားက သေနတ်​ပစ်​ခတ်​မှု ဖြစ်​ပွားခဲ့​ တယ်​လို့ သိရပါတယ်​။ “သူက မူး​နေလား ​ကြောင်​​နေလားမသိဘူး။ ပြဿနာရှာ​နေတာ တားထားတဲ့ကြားက ​သေနတ်​ပစ်​လိုက်​တာ ကိုရင်​ဝတ်​ဖို့ ဘုန်းကြီးကျောင်းကို​ရောက်​​နေတဲ့ ကိုရင်​​လောင်းကို ပစ်​သတ်​မိတာ၊ ခုလိုဖြစ်​​တော့ စိတ်​မ​ကောင်းဘူး”လို့ မဲဟဲကျောင်းထိုင်ဆရာတော် ဦးနေရိန္ဒက မိန့်​မှာခဲ့ပါတယ်​။ အဲဒီ PNA အဖွဲ့ဝင်​ဟာ ရွာတွင်းမှာ ​သူ့မိန်းမနဲ့ရန်ဖြစ်တိုင်း သေနတ်ဖောက်လေ့ရှိ​ပြီး ရှင်​ပြုပွဲအတွက်​ အစည်းအ​ဝေးလုပ်​တုန်းက ဆရာ​တော်​ဆုံးမဖူးတဲ့အတွက်​ ဘုန်းကြီးကို မ​ကျေနပ်​တာလို့ ​ဒေသခံ​တွေက ယူဆကြပါတယ်​။ ပြည်​သူ့စစ်​ တပ်​သား (အွိုင်း) အဖွဲ့ဝင်​ ဖြားဖွား​သည်​ ဆီဆိုင်​ရဲတပ်​ဖွဲ့နဲ့ တဘက်အုပ်စု PNA ပြည်သူ့စစ်အဖွဲ့က ဝိုင်းဖမ်းပြီး ​​​​​​​ဆီဆိုင်​မြို့မရဲစခန်းမှာ အ​ရေးယူထားတယ်​လို့ သိရပါတယ်​။ အဲဒီကိစ္စနဲ့ပတ်​သက်​ပြီး PNA ပြည်​သူ့စစ်​ဗဟို စစ်​ဦးစီးချုပ်​ ဗိုလ်​မှူးကြီး ခွန်​​ဇော်​ပျံကို ဆက်​သွယ်​​မေးမြန်းရာမှာ “ကျနော်​တို့ ပြည်​သူ့စစ်​အ​နေနဲ့ အ​ရေးယူဖို့​တော့ မရ​တော့ဘူး။ ရဲလက်​ထဲ ​ရောက်​သွားပြီဆို​တော့ တရားဥပ​ဒေအတိုင်း သွားရမှာ​ပေါ့” လို့​​ ပြောပါတယ်​။ ​ သေဆုံးသွားတဲ့ေ​ကျာင်းသား​ကလေးငယ်ဟာ ဆီဆိုင်မြို့နယ် ​​နောင်​​ကျောကျေးရွာအုပ်စု​​ လုံးဖိုးရွာနေ အသက် ၈ နှစ်အရွယ် ခွန်ကျော်သန်းနဲ့ ခွန်ကျော်လေး တို့ဖြစ်​ပါတယ်​။ ပြစ်​မှုကျူးလွန်​သူ PNA အဖွဲ့ဝင် ဦးဖွားကို ဆီဆိုင်မြို့မ ရဲစခန်း ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားကြောင်း သိရပါတယ်။ ခွန်ရာဇာ

A d v e r t i s e m e n t With Us

More News
Up