ပီရူးတွင် နှစ်ထပ်ဘတ်စ်ကားတစီး မီးလောင်၊ လူ ၂၀ ထက်မနည်း သေဆုံး

ပီရူးနိုင်ငံရဲ့ မြို့တော် လီမာမှာ ပြေးဆွဲနေတဲ့ နှစ်ထပ်ဘတ်စ်ကားတစီး မတ်လ ၃၁ ရက်က မီးထလောင်ခဲ့လို့ လူအယောက် ၂၀ ထက်မနည်း သေဆုံးပြီး ၈ ဦး ဒဏ်ရာရတယ်လို့ မီးသတ်ဌာန ပြောခွင့်ရက ဆိုပါတယ်။ ဘတ်စ်ကားနောက်ပိုင်းက မော်တာ မီးထလောင်ခဲ့တယ်၊ အဲဒီနောက် အတွင်းပိုင်းကို အမြန်ကူးစက်ခဲ့တယ်လို့ မျက်မြင်သက်သေတွေကို ကိုးကားပြီး မီးသတ်ပြောခွင့်ရက ဒေသခံရုပ်သံ Canal N ကို ပြောပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။ လောင်စာတွေကို တရားမဝင် ရောင်းနေတဲ့နေရာနဲ့ နီးလို့ အာဏာပိုင်တွေက ကျန်ခဲ့တဲ့ သီတင်းပတ်က ပိတ်ထားခဲ့တဲ့ ကားမှတ်တိုင်နားမှာ ဘတ်စ်ကား မီးစွဲလောင်ခဲ့တာလို့ လီမာမြို့တော်ဝန် ဟိုဟေးမိုညာ့ဖ်က ပြောပါတယ်။ မြောက်ပိုင်းကမ်းရိုးတန်းမြို့ ချီကလာယိုကိုသွားဖို့ မောင်းနေတဲ့ ဘတ်စ်ကားကို မီးငြှိမ်းသတ်ဖို့ မီးသတ်တပ်ဖွဲ့ ၈ ဖွဲ့က ကြိုးစား ငြှိမ်းသတ်ခဲ့ရတယ်လို့ ဒေသခံရုပ်သံ RIP က ပြောပါတယ်။ ဘတ်စ်ကားပေါ်မှာ မီးသတ်ဆေးဘူးရော ဘေးကင်းရေး ပစ္စည်းကိရိယာတွေပါ မရှိတာကို မီးသတ်သမားတွေ တွေ့ခဲ့ကြတယ်။ မြို့တော်ဝန်က ကားပိုင်ရှင်တွေကို အရေးယူဖို့ ကတိပြုခဲ့တယ်လို့ RPP သတင်းဌာနက ထုတ်ပြန်ပါတယ်။

More News
Up