A d v e r t i s e m e n t With Us

မြောင်းမြ မြစ်ကူးတံတားသစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ဖွင့်လှစ်

အရှည်ပေ ၂၀၀၀ ကျော်ရှိတဲ့ မြောင်းမြမြစ်ကူး သံကူကွန်ကရစ်တံတားဖွင့်ပွဲကို ဒီနေ့ ဧပြီ ၁ရက် မနက်က မြောင်းမြမြို့ တံတားတည်နေရာမှာ ကျင်းပရာမှာ  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဧပြီလအတွင်း  ကျိုးကျသွားတဲ့ မြောင်းမြကြိုးတံတားနေရာမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ဂျပန်နိုင်ငံတို့ပူးပေါင်းပြီး သံကူကွန်ကရစ်တံတားတစင်း အစားထိုး တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၈ ဧပြီ ၁ ရက်မနက် ၁ နာရီ ၄၅ မိနစ်က မြောင်းမြ မြစ်ကူးကြိုးတံတားကြီး ရွေးမြစ်ထဲကို ပြတ်ကျသွားရာမှာ  ခြောက်ဘီးကုန်တင်ယာဉ်နဲ့အတူ ယာဉ်မောင်း မဲကြီး(ခ)သန့်ဇော်ထိုက်နဲ့ ယာဉ်နောက်လိုက်တဦးတို့ မြစ်ထဲသို့ ပြုတ်ကျ သေဆုံးသွားခဲ့တာဖြစ်ပါ။ ဓာတ်ပုံ- ဆောက်လုပ်ရေး

A d v e r t i s e m e n t With Us

More News
Up