A d v e r t i s e m e n t With Us

ဂေါ်ရင်ဂျီကမ်းခြေ မြေယာပိုင်ဆိုင်မှု အတည်တကျဖြစ်ရေး ကော်မတီဖွဲ့ဆောင်ရွက်မည်

ဂေါ်ရင်ဂျီကမ်းခြေဒေသ မြေယာပိုင်ဆိုင်မှုအတည်တကျဖြစ်စေရေးအတွက် ကော်မတီဖွဲ့ပြီး လုပ်ဆောင်သွားမယ်လို့ တိုင်းဒေသကြီးစည်ပင်ဝန်ကြီးက ပြောပါတယ်။ ဂေါ်ရင်ဂျီကမ်းခြေဒေသမှာ ခရီးသွားလုပ်ငန်းလုပ်ကိုင်နေတဲ့ တည်းခိုခန်းနဲ့ ဟိုတယ်တွေဟာ တရားဝင်မြေပိုင်ဆိုင်မှုတွေ မရှိသေးတဲ့အတွက် ခရီးသွားလုပ်ငန်းတွေ အနေနဲ့လည်း နားလည်မှုအရသာ လုပ်ကိုင်နေတဲ့ သဘောမျိုးဖြစ်နေပါတယ်။ ဒါ့ကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ကမ်းခြေဒေသ ဖွံ့ဖြိုးရေးကော်မတီကို ဖွဲ့စည်းပြီး မြေယာပိုင်ဆိုင်မှုတွေ တရားဝင်ရရှိအောင် လုပ်ဆောင်ပေးသွားမယ်လို့  တိုင်းဒေသကြီး စည်ပင်ဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။ ဒေသခံတွေကတော့ မြေယာပိုင်ဆိုင်မှု အမြန်ဆုံးရရှိဖို့ လိုလားနေကြပါတယ်။ ဂေါ်ရင်ဂျီကမ်းခြေဒေသမှာတော့ မြေလွတ်မြေရိုင်းပေါင်း ဧက ၁ သိန်းကျော်ရှိနေပါတယ်။ ကမ်းခြေဒေသမှာ ခရီးသွားဖွံ့ဖြိုးလာတာနဲ့အတူ ကမ်းခြေဒေသ ရေရှည်တည်တံရေးနဲ့ စနစ်ကျစေဖို့အတွက် ဒေသန္တရ ဥပဒေထွက်ရှိဖို့လည်း လွှတ်တော်ကိုယ်စားလှည်တွေနဲ့ ဒေသခံတွေ ဆွေးနွေးနေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up