ပုသိမ်မြို့တွင် လမ်းလျှောက်သင်္ကြန် ပထမဆုံးအကြိမ်ကျင်းပမည်

ဧရာဝတီတိုင်းဒေသကြီး မြို့တော် ပုသိမ်မြို့မှာ လမ်းလျှောက်သင်္ကြန်ကို ပထမဆုံး အကြိမ်အဖြစ်ကျင်းပသွားမယ်လို့ ပုသိမ်မြို့နယ်စည်ပင်သာယာရေးကော်မတီက သိရပါတယ်။ ပုသိမ်ကမ်းနားရေပေါ်ဈေးရှေ့ကနေ ဆိပ်ကမ်းအာဏာပိုင်ရုံးရှေ့အထိ ယာဉ်မဝင်ရသတ်မှတ်ပြီး လမ်းလျှောက် သင်္ကြန်ကျင်းပသွားမယ်လို့ ပုသိမ်မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင် ဦးသက်နိုင်ဇော် က ဒီဗွီဘီကိုပြောပါတယ်။ လမ်းလျောက်သင်္ကြန်ကျင်းပမယ့် နေရာတလျှောက် ရေးပန်းတွေဖြန်းပေးသွားမှာဖြစ်ပြီး စတုဒိသာ ကျွေးမွေးဖို့လည်းဖိတ်ခေါ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up