ချဲလ်ဆီးက ကာဒစ်စီးတီးကို နောက်ကျဂိုးများဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)
Published By
DVB | 1 April, 2019
874
0
Share
0
Comment
0
Likes
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးက အဝေးကွင်းမှာ နောက်ကနေ လိုက်ကစားပြီးမှ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲမှာ အိမ်ရှင် ကာဒစ်စီးတီးအသင်းက ၄၆ မိနစ်မှာသွင်းတဲ့ ဂိုးနဲ့ ဦးဆောင်ခဲ့တာပါ။ ချဲလ်ဆီးက ဒီပွဲမှာ တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့် ဂိုးပေါက် ကန်သွင်းခွင့်မှာတော့ အပြန်အလှန် ရခဲ့ပါတယ်။
ချဲလ်ဆီးအတွက် ချေပဂိုးကို ၈၄ မိနစ်မှာ အငြင်းပွားဖွယ်ရာ လူကျွံဘောကတဆင့် အက်ဇ်ပီလီကျူတာက သွင်းယူပါတယ်။
တန်းဆင်းဇုန်ထဲမှာ ရောက်နေတဲ့ ကာဒစ်အသင်း ဒီပွဲမှာ ကြိုးစားရုန်းကန်သွားပါတယ်။ ချဲလ်ဆီးအတွက် အနိုင်ဂိုးကို လော့ဖ်တပ်စ်ချိခ်က ၉၁ မိနစ်မှာ သွင်းယူပါတယ်။
ဒီပွဲနိုင်လို့ ချဲလ်ဆီးနည်းပြ ဆာရီလည်း ဖိအားတွေကနေ သက်သာရာရခဲ့ပါတယ်။ လောလောဆယ် အမှတ်ပေးဇယားမှာ ချဲလ်ဆီးအသင်း အမှတ် ၆၀ နဲ့ အဆင့် ၆ မှာ ရပ်တည်နေပါတယ်။