ဒါရိုက်တာမင်းထင်ကိုကိုကြီးကို တပ်မတော်က ဆက်သွယ်ရေးပုဒ်မဖြင့် အမှုဖွင့်
DVB
·
March 31, 2019
ဒါရိုက်တာမင်းထင်ကိုကိုကြီးကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဆက်သွယ်ရေးပုဒ်မနဲ့ အမှုဖွင့်ထားတယ်လို့ အင်းစိန်မြို့မ ရဲစခန်း တာဝန်ရှိသူတယောက်က ပြောပါတယ်။
“ရန်ကုန်တိုင်း စစ်ဌာနချုပ်က မနေ့က အမှုဖွင့်တာပါ။ ၆၆ ဃ ပါ။ ကျန်တာကတော့ အမှုစစ်ကပဲ ပြောနိုင်ပါမယ်” လို့ ပြောပါတယ်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီးကတော့ ဒါနဲ့ပတ်သက်ပြီး သူ့ကို အကြောင်းကြားထားတာ မရှိသေးဘူးလို့ ပြောပါတယ်။
ပြီးတော့ လတ်တလောမှာ ဘာမှမသိရသေးလို့ အမှုဖွင့်ခံရတာနဲ့ပတ်သက်ပြီး ဘာမှ မပြောချင်သေးဘူးလို့လည်း သူက ပြောပါတယ်။
ဓာတ်ပုံ - မင်းထင်ကိုကိုကြီး