ဖွဲ့စည်းပုံပြင်ဆင်ရေး ကံမပြည်သူ ၁၅၀၀ ခန့် ကြိုဆိုထောက်ခံ
မကွေးတိုင်းဒေသကြီး ကံမမြို့မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီအား ကြိုဆိုထောက်ခံပွဲကို ဒီနေ့ပြုလုပ်ခဲ့ပြီး ပြည်သူ ၁၅၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
မြို့အဝင်မဒေးတံတားထိပ်နေရာမှာ ပြည်သူတွေစုဝေးပြီး ဗီနိုင်းဆိုင်းဘုတ်တွေကိုင်ကာ ကြွေးကြော်သံတွေနဲ့ မြို့အထွက် ဘက်စုံဟောင်းကွင်းကို လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ပြည်သူတွေအတွက် ကောင်းကျိုးမဖြစ်ဘဲ လူတခုအဖွဲ့အစည်းတခုအတွက် ကာကွယ်ရေးဆွဲထားပြီး ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီဘဲ ရှေ့နောက်မညီတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူအင်အားနဲ့ ဖယ်ရှားပစ်ဖို့ ရည်ရွယ်ပြုလုပ်တာလို့ ပွဲစီစဉ်သူတွေထံက ပြောပါတယ်။
ဘဦး