Sunday, June 11, 2023
Homeဆောငျးပါးအာရှဒသေကလေးငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရသွားတဲ့ ဖိလစ်ပိုင်ကောင်လေး

ကလေးငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရသွားတဲ့ ဖိလစ်ပိုင်ကောင်လေး

အသက် ၁၃ နှစ်အရွယ် ဖိလစ်ပိုင်ကောင်လေးတယောက်ဟာ မကြာခင်တုန်းကပဲ ကလေးငြိမ်းချမ်းရေးဆု ချီးမြှင့်ခံလိုက်ရပါတယ်။ အရှေ့တောင် အာရှနိုင်ငံတွေထဲမှာ ကားလို့စ် ဘက်ဒတ်ဇ် ဟာ ပထမဆုံး ဆုချီးမြှင့်ခံရတဲ့ ကလေးဖြစ်ပြီး ဆုငွေအဖြစ် အမေရိကန်ဒေါ်လာ ၁ သိန်း ရရှိသွားပါတယ်။

ကမ္ဘာတ၀ှမ်းလုံးက ဆုအတွက် လျာထားခံရတဲ့ ကလေးငယ် ၁၀၀ ထဲက ကားလို့စ် ဘက်ဒတ်ဇ်ကို ရွေးချယ်လိုက်တာပါ။ ကလေးတွေအတွက် ပေးတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုလို့ ဆိုရမယ့် ဒီဆုကို နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒတ်စမွတ်တူးတူးက ချီးမြှင့်ပေးပါတယ်။
သတင်းထောက်မက်ဒိုနာ ဗီရိုလာက ကားလို့စ် ဘက်ဒတ်ဇ်ရဲ့ဇာတိမြို့ဖြစ်တဲ့ ကာဗီတီ စီးတီကနေ သတင်းပေးပို့ထားပါတယ်။ ဒီအကြောင်း မယုယမိုးက တင်ပြပေးမှာပါ။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular