Home
မြန်မာသတင်း
ဝေးလံဒေသ သွားရောက်ကုသပေးသည့် ​မောက်​မယ်​ဆေးရုံအုပ်ကြီး​ စွမ်း​ဆောင်​ရည်​ထူးချွန်​ဆု ရရှိ
DVB
·
March 31, 2019
တိုင်းရင်းသား လက်​နက်​ကိုင်တွေ​ရှိတဲ့​ဒေသနဲ့ ​ဝေးလံ​ခေါင်​ဖျားတဲ့ တိုင်းရင်းသား​ဒေသမှာ သွား​ရောက်​​ဆေးကုသ​ပေးတဲ့အတွက် ​မောက်​မယ်​​မြို့နယ်​ ပြည်​သူ့​ဆေးရုံအုပ်​ကြီးကို​ ၂၀၁၈ ခုနှစ်​ ပြည်​​ထောင်​စု ကျန်းမာ​ရေးဌာနက ကျန်းမာ​ရေး စွမ်းစွမ်းတမံဆု ​ပေးအပ်​ခဲ့ပါတယ်​။ ​ဆေးရုံ အုပ်​ကြီး ​ဒေါက်​တာမြမြသန်းဟာ ​မောက်​မယ်​မြို့ကို ​ရောက်​ရှိတာ ၆ နှစ်​ရှိပြီဖြစ်​ပြီး ၂၀၁၆ ခုနှစ်​က ဒူးကြီး​ဒေသ စစ်​​ဘေး​ရှောင်​ စခန်းမှာလည်း သွား​ရောက်​ကုသမှု​တွေ ပြုလုပ်​ခဲ့ပါတယ်​။ ​မောက်​မယ်​​ဒေသမှာ တိုင်းရင်းသား လက်​နက်​ကိုင်​အဖွဲ့ တိုက်​ပွဲဖြစ်​ပွားတာတွေရှိသလို လမ်းပန်းဆက်​သွယ်​​ရေး ခက်​ခဲတဲ့​ဒေသအထိ သွား​ရောက်​ကုသ​ပေးတဲ့အတွက်​ ၂၀၁၈ ခုနှစ် ရှမ်းပြည်​နယ်​ ​တောင်​ပိုင်း ကျန်းမာ​ရေး စွမ်း​ဆောင်​ရည်​ထူးချွန်​ဆု ​ပေးအပ်​ခံရတာပါ။ ​မောက်​မယ်​​ဒေသမှာ အများစု ရှမ်း၊ ပအိုဝ်း၊ အနည်းစု ကယန်း တိုင်းရင်းသား​တွေ​ နေထိုင်​ပြီး ​ကျေးရွာချင်းလမ်းမရှိတဲ့အတွက်​ သွားလာ​ရေးခက်​ခဲသလို ဘာသာစကား​တွေလည်း ခက်​ခဲ​နေပါတယ်​။ ​မောက်​မယ်​မြို့နယ်​မှာရှိတဲ့ ​ကျေးရွာ​တွေဟာ ​ဆေးရုံထိလာ​ရောက်​ကုသဖို့ ခရီးစရိတ်​နဲ့ သွားလာ​ရေးခက်​ခဲတဲ့အတွက်​ ​ဆေးရုံမလာဘဲ ဆရာဝန်​ကိုယ်​တိုင်​ သွား​ရောက်​အခမဲ့ ကုသ​ပေး ရတာဖြစ်​ပါတယ်​။ ပြည်​သူ့​ဆေးရုံအုပ်​ကြီးဟာ ၂၀၁၈ ခုနှစ်​က ပြည်​​ထောင်​စုအဆင့် စွမ်း​ဆောင်​ရည်​ ထူးချွန်​ဆု​ပေးအပ်​ခြင်းခံရသလို လူထုကျန်းမာ​ရေး ​စောင့်ရှောက်​မှုလုပ်​ငန်း ပြည်​နယ်​အဆင့် တတိယဆုလည်း ရရှိပါတယ်​။ ​မောက်​မယ်​မြို့နယ်​မှာ ​ရေရှားပါးတဲ့အတွက်​ ဝမ်းပျက်​ဝမ်း​ရှော​ရောဂါအဖြစ်​များပြီး၊ ​သွေးချို ဆီးချိုနဲ့ ယာဉ်​မ​တော်​တဆမှုလည်း အဖြစ်​များတယ်​လို့သိရပါတယ်​။ ​မောက်​မယ်​မြို့နယ်​မှာ ရပ်​ကွက်​ ၇ ခု၊ ​ကျေးရွာအုပ်​စု ​၈ ခု၊ ရွာ​ပေါင်း ၁၀၃ ရွာရှိပြီး မြို့နယ်​ ​ဆေးရုံ ​၁ ခု၊ တိုက်​နယ်​​ဆေးရုံ ၁ ခု၊ မိခင်​နဲ့က​လေး ကျန်းမာ​ရေးဌာန ၁ ခု၊ ​ကျေးလက်​ကျန်းမာ​ရေး ၃ ခုနဲ့ ဌာနခွဲ ၁၂ ခုတို့နဲ့ ကျန်းမာ​ရေးဝန်​ထမ်း ၈၂ ဦးရှိ​တယ်လို့ ရပါတယ်​။ ခွန်​ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024