သက်ဆင်ကို ချီးမြှင့်ခဲ့သည့် တော်ဝင် ပြည်သူ့ဝန်ထမ်းကောင်းဆု ထိုင်းဘုရင် ပယ်ဖျက်

ထိုင်းဘုရင် မဟာဝဇီရာ လောင်ကွန်းဟာ ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို ချီးမြှင့်ထားဖူးတဲ့ တော်ဝင် ပြည်သူ့ဝန်ထမ်းကောင်း ဆုကို ပယ်ဖျက်လိုက်ပြီလို့ စနေနေ့က ထုတ်ပြန်တဲ့ တော်ဝင် ပြန်တမ်းက ပြထားပါတယ်။ သက်ဆင်ကို လိုလားတဲ့ နိုင်ငံရေးပါတီ ပွေထိုင်းက ထိုင်းရွေးကောက်ပွဲမှာ စစ်တပ်ကို ထောက်ခံတဲ့ ပါတီနဲ့ အပြိုင်ဖြစ်နေချိန်မှာ ဘုရင့်အမိန့် ထွက်လာခဲ့တာပါ။ ရွေးကောက်ပွဲရလဒ်  အပြည့်အစုံကို ရွေးကောက်ပွဲ ကော်မရှင်က မထုတ်ပြန်သေးပါဘူး။ ထိုင်းယဉ်ကျေးမှုအရ တော်ဝင် မိသားစုဟာ မေးခွန်းထုတ်စရာ မလိုလောက်အောင် ကြည်ညိုမြတ်နိုးခံရတာကြောင့် ပြည်သူ အများအပြားရဲ့ မျက်လုံးထဲမှာ သက်ဆင်ရဲ့ တော်ဝင်ဆုကို ပြန်ရုပ်သိမ်းတာဟာ သက်ဆင်ကိုသာမက သက်ဆင်နဲ့ မဟာမိတ် ပါတီကိုပါ အယုံအကြည် ကင်းမဲ့စေပြီး ဂုဏ်သိက္ခာ ကျဆင်းကောင်း ကျဆင်းစေနိုင်တယ်လို့ South china morning post သတင်းဌာနက သုံးသပ်အစီရင်ခံပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up