တရုတ်တွင် လောင်နေသည့် တောမီးကို ထိန်းချုပ်နိုင်ပြီ

795
တရုတ်မြို့တော်ဘေကျင်းရဲ့ အရှေ့မြောက်ဘက်က မိယွင်ခရိုင်မှာ လောင်နေတဲ့ တောမီးကို စနေမွန်းလွဲပိုင်းမှာ ထိန်းချုပ်နိုင်ပြီဖြစ်ပြီး ထိခိုက်သေဆုံးသူမရှိဘူးလို့ ဒေသန္တရ တာဝန်ရှိသူတွေက ပြောပါတယ်။
၃ နာရီကြာ လောင်တဲ့ တောမီးဟာ အနားက ဖျင်းကူခရိုင်ကိုပါ ကူးစက်လောင်ကျွမ်းအပြီး မွန်းလွဲပိုင်းမှာ မီးကို ထိန်းချုပ်နိုင်ခဲ့တာပါ။
မီးသတ်ဖို့ မီးသတ်သမား အယောက် ၉၀၀ လောက် တာဝန်ချထားခဲ့ရပါတယ်။ မီးလောင်ပြင်မှာ လူနေတဲ့ရွာတွေ မရှိတာကြောင့် လူတွေကို တိုက်ရိုက်ခြိမ်းခြောက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။