ရန်ကုန်စည်ပင်ရွေးကောက်ပွဲ သမ္မတ ဦးဝင်းမြင့် မဲပေးသည့်မြင်ကွင်းများ (ဓာတ်ပုံ)
DVB
·
March 31, 2019
ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲကို မတ်လ ၃၁ ရက်နေ့ မနက်က ကျင်းပခဲ့ပြီး တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက်ရှိ မဲရုံအမှတ် ၃ မှာ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် လာရောက်မဲပေးခဲ့ပါတယ်။
အဲဒီမဲရုံမှာ မဲပေးခွင့်ရှိသူပေါင်း ၁၀၀၀ ကျော်ရှိပါတယ်။
လက်ရှိစည်ပင်ရွေးကောက်ပွဲမှာ မြို့နယ် ၃၃ မြို့နယ်အတွက် ကော်မတီဝင် ၉၉ ဦး၊ မဲဆန္ဒနယ် ၆ ခုမှာ မြို့တော် ကော်မတီဝင် ၆ ဦး စုစုပေါင်း ၁၀၅ ဦးကို ရွေးချယ်သွားမှာဖြစ်ပြီး ယှဉ်ပြိုင်သူ ၂၇၂ ဦးရှိပါတယ်။