မြောက်ဦးမြို့နယ်ကို ခရီးမသွားသင့်ကြောင့် အမေရိကန်သံရုံး ထုတ်ပြန်
DVB
·
March 31, 2019
ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ဒေသတွင်းမတည်ငြိမ်မှုတွေကြောင့် ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေဖြစ်တဲ့ မြောက်ဦးမြို့နယ်အပါအဝင် မင်းပြား ကျောက်တော်မြို့တွေကို ခရီးမသွားသင့်ကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒီဒေသတွေဟာ ခရီးသွားလာဖို့ မသင့်တဲ့ဒေသ အဆင့် ၄ အဖြစ် သတ်မှတ်ကြောင်း မတ်လ ၂၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ချင်းပြည်နယ် မတူပီမြို့နယ်နဲ့ ရှမ်းပြည်နယ် သိန္ဒီမြို့တွေကို ခရီးသွားလာဖို့ ပြန်စဉ်းစားသင့်တဲ့ အဆင့် ၃ နေရာသတ်မှတ်ကြောင်းလည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
ဘူးသီးတောင်၊ ကျောက်တော်၊ မောင်တော၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း ရသေ့တောင် စတဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ် ၇ မြို့နယ်ကို ခရီးမသွားတဲ့ကြောင်း မတ်လ ၂၆ ရက်နေ့ကလည်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရက္ခိုင်တပ်မတော် အေအေတို့ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
ဇန်နဝါရီလ ၄ ရက်နေ့ကနေ မတ်လ ၂၈ ရက်နေ့အထိ ၃ လအတွင်း ရခိုင်ပြည်နယ်မှာ အေအေအဖွဲ့နဲ့ တိုက်ပွဲ ထိတွေ့မှု ၁၀၃ ကြိမ်ရှိခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာရတဲ့သူ ၁၇၃၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။