ရင်ဖွင့်စာ
DVB
·
March 31, 2019
မီးသွေးဖိုက အငွေ့တွေ ရှူနေကြရတဲ့ အင်းတိုင်ကျေးရွာ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ တလိုင်းကွင်းအုပ်စု၊ အင်တိုင်းကျေးရွာမှာ အိမ်ခြေ ၅၀ ကျော်ရှိပါတယ်။ ရွာအနီးဝန်းကျင်တွင် စီးပွားရေး လုပ်ကိုင်နေကြတဲ့ မီးသွေးဖိုများစွာရှိပါတယ်။ မီးသွေးဖိုတွေကထွက်တဲ့ အငွေ့တွေကို ညတိုင်းနီးပါး ကလေးနဲ့ လူကြီးတွေ ရှူနေရပါတယ်။ သက်ဆိုင်သော ဌာနလူကြီးမင်းများမှ ကွင်းဆင်းစစ်ဆေးပေးပါရန် talk2dvb မှ တဆင့် ဖတ်ကြားပေးပါလို့ လေးစားစွာပန်ကြား အပ်ပါသည်။။ စည်သူအောင်   မုံရွာမြို့က ရေမြောင်းများ စနစ်တကျ တူးဖော်ပေးပါ ကျနော်တို့ မုံရွာမြို့ရဲ့ လမ်းနဲ့ ရေမြောင်း ကိစ္စပါခင်ဗျာ။ အခုကျနော်တို့နေတဲ့ သာစည်လမ်းဟာဆိုရင် နှစ်ပေါင်း သုံးဆယ်ကျာ်ကာလအတွင်း လမ်းချဲ့ရင် သုံးပေလောက်သာ ချဲ့ခဲ့တာမို့ အခုဆိုရင် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေရပါတယ်။ ဒီ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေနဲ့ ကျနော်တို့ သာစည်လမ်းကို တစ်ဘက်လျှင် သုံးပေဆီလောက် ထပ်ချဲ့ပေးစေချင်ပါတယ်လို့ တင်ပြချင်ပါတယ်။ နောက်တခု တင်ပြချင်တာက ကျနော်တို့မြို့မှာ လမ်းပေါ်ရေတင်လို့ ရေမြောင်းတူးပြီးရင် ရေဆိုးတွေက ဘယ်ကိုမှမထွက်ဘဲ နောင်နှစ်အနည်းငယ် ကြာလာတဲ့အခါမှ မြောင်းတွေကနေ ခြင် အများအပြား ပေါက်ဖွားလာပြီး ကလေးများအတွက် သွေးလွန်တုပ်ကွေးရောဂါကို လက်ယပ်ခေါ်နေသလိုဖြစ်နေတာမို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ မြို့ရေမြောင်းတွေကို စနစ်တကျ တူးဖော်ပြီး ရေထွက်နိုင်အောင် ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံတင်ပြချင်ပါတယ်။ Myint Ko တောင်သာမြို့နယ်က နှစ်လုံး သုံးလုံး   မန္တလေးတိုင်း တောင်သာမြို့နယ် ဇဂျမ်းကျေးရွာရှိ ပြည်သူလူထုတွေဟာ နှလုံး သုံးလုံးနဲ့ စီးပွားရေးတွေ ဆုံးရှုံးနေရပါတယ်ရှင့်။ နှလုံး သုံးလုံးဟာ နိုင်ငံတော် အခွန်လည်း မရရှိပါဘူး။ ဒါကြောင့် ထီတွေကို ၅ သောင်းဆုမှစပြီး ထုတ်ပေးဖို့ တင်ပြအပ်ပါတယ်။ တာဝန်ရှိလူကြီးဖို့ သိရှိစေရန်ဖြစ်ပါတယ်။ အထကကျောင်းရှေ့မှာ လောင်းကစားဝိုင်းတွေလည်း ပြုလုပ်နေပါတယ်။ ရွာကတာဝန်ရှိလူကြီးတွေကလည်း တိုင်တဲ့လူရှိတာကို ပြုလုပ်မပေးခဲ့ပါဘူး။ လောင်းကစားကြောင့် အိမ်ထောင်ပြိုကွဲ စီးပွားရေးကျရှုံးခဲ့ရပါတယ်။ ဒါကြောင့် တာဝန်ရှိသူတွေ သိရှိစေဖို့ တင်ပြအပ်ပါတယ်။ အမည်မဖော်လိုသူတဦး လျှပ်မီးရဖို့ ဓာတ်တိုင်ဖိုး ပေးရမယ့် ဥက္ကံရွာသားများ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ဥက္ကံရွာမှာ အစိုးရ လျှပ်စစ်မီးပေး ပါတယ်။ အခုမှ ဓာတ်တိုင်တွေ စိုက်တုန်းပါ။ ဖြစ်နေတာက လျှပ်စစ်ကြိုးဖိုးနဲ့ ဓာတ်တိုင်ဖိုးကို ရွာသားတွေက ပေးရမယ်။ အဲဒီတော့ မီတာယူရင် ၃ သိန်းကျော်လောက် ကျမယ်တဲ့ဗျ။ မီတာပုံးဖိုးကလည်း မီးအဖွဲ့စည်းက ၆ သောင်းကျမယ်။ ရွာမှာ ဥက္ကဋ္ဌ က ၇ သောင်း ကျမယ် ပြောပါတယ်။ အထက်ကလူတွေ ပြောတာတမျိုး ဥက္ကဋ္ဌပြောတာတမျိုးပါ။ အဲဒီတော့ ရွာသားတွေမှာ ဘာရယ်လို့လည်း အတိကျမသိပါဘူး။ ဥက္ကဋ္ဌပြောတာပဲ ခေါင်းညိတ်နေရတယ်။ ကောလင်းမြို့က တာဝန်ရှိလူကြီးများ လာရောက်စစ်ဆေးပြောကြားစေလိုပါသဖြင့် ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။ ဥက္ကံရွာသားတဦး ဒီဗွီဘီကို ရင်ဖွင့်စာပေးပို့လိုပါက အောက်ဖော်ပြပါ အီးမေးလ်တွေကို ပေးပို့နိုင်ပါတယ်။ [email protected], [email protected]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024