Homeမြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ခံပွဲ ကျင်းပမည့်နေရာ လမ်းညွှန်ဆိုင်းဘုတ်များ မီးရှို့ခံရ (ဓာတ်ပုံ)
ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ခံပွဲ ကျင်းပမည့်နေရာ လမ်းညွှန်ဆိုင်းဘုတ်များ မီးရှို့ခံရ (ဓာတ်ပုံ)
အောင်ကိုကိုလတ် (နေပြည်တော်)
·
March 31, 2019
ဇဗ္ဗူသီရိမြို့နယ်မှာ မတ်လ ၃၁ ရက်နေ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လူထုထောက်ခံပွဲ ကျင်းပပြုလုပ်မယ့်နေရာကို လမ်းညွှန်ထားတဲ့ ဆိုင်းဘုတ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ပါတယ်။
အဲ့ဒီထောက်ခံပွဲကို နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက် အမှတ် ၂ ဘောလုံးကွင်း (နန်းဦးဘုကြီးကျောင်းအနီး) မှာ နေ့လယ် ၂ နာရီ ကျင်းပပြုလုပ်မှာဖြစ်ပြီး ပျဉ်းမနား - တောင်ညိုလမ်းမပေါ်ကနေ ရပ်ကွက်အတွင်း လမ်းညွန်ထားတဲ့ ဆိုင်းဘုတ်တွေ မီးရှို့ခံခဲ့ ရတာပါ။