Home
မြန်မာသတင်း
မန္တ​လေးနန်းမြို့ ကျုံး​ဘေးပတ်​လည်​ မဟာသင်္ကြန်​​ရေကစားမဏ္ဍပ်​များ စတင်​ပြင်​ဆင်
Aung Aung Naing
·
March 31, 2019
၂၀၁၉ ခုနှစ် မဟာသင်္ကြန်ပွဲတော်အတွက် မန္တလေးမြို့ နန်းမြို့ရိုးကျုံး​ဘေးမှာ စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်​ဖို့ မြို့တော်စည်ပင် သာယာရေးကော်မတီက သတ်​မှတ်ဧရိယာမှာ မတ်လ ၃၁ ရက်နေ့က ကြိုတင်ပြင်ဆင်တာတွေ လုပ်ဆောင်နေပါတယ်။ သင်္ကြန်ရေကစားမဏ္ဍပ်နေရာတွေ၊ ​လမ်းလျှောက်သင်္ကြန်နဲ့ တိုင်းရင်းသားသင်္ကြန်​၊ တောသင်္ကြန်နေရာတွေကို ပြင်ဆင်နေပါတယ်​။ ဒီနှစ်မှာတော့ လမ်းလျှောက်သင်္ကြန် ရေကစားမဏ္ဍပ်တွေ၊ စတုဒီသာမဏ္ဍပ်တွေ၊ တောသင်္ကြန် နေ့ညဈေးရောင်းမယ့် နေရာတွေ၊ ရေကစားမဏ္ဍပ်နေရာတွေကို ဦးရာလူစနစ်နဲ့​ ရောင်းချခဲ့သလို မဏ္ဍပ်ကြီးနေရာတွေကိုလည်း ဈေးပြိုင်စနစ်နဲ့ရောင်းချခဲ့ပါတယ်​။ နန်းမြို့ရိုးကျုံးပတ်လည်မှာ တောသင်္ကြန်ကျင်းပမယ့်နေ့၊ ညဈေးတန်းနေရာဆိုင်ခန်းတွေကို ၆၆ လမ်း၊ ၁၉လမ်းမှ ၂၃ လမ်းထိ ဆိုင်ခန်းပေါင်း ၂၁၈ ခန်းဖြစ်ပြီး တခန်းကို ငွေကျပ်ငါးသိန်းနဲ့ အာမခံကြေး ကျပ် ငါးသောင်းပေးသွင်းရမှာလည်း ဖြစ်​ပါတယ်​။ စတုဒီသာနဲ့လမ်းလျှောက် သင်္ကြန်ရေကစားမဏ္ဍပ်နေရာတွေအတွက်တော့ အကျယ်အ၀န်းပေါ် မူတည်ပြီး ၁၅ သိန်း၊ ၁၀ သိန်း၊ ကျပ်ငါးသိန်းစီ သတ်မှတ်ထားကာ ဦးရာလူစနစ်နဲ့ နေရာ ချထား​ပေးပါတယ်။ ဒီနှစ် ထူးထူးခြားခြား အစီအစဉ်အ​နေနဲ့ တိုင်းရင်းသားသွေးချင်းတွေရဲ့ ရိုးရာသင်္ကြန် ရိုးရာယဉ်​​ကျေးမှုတွေ ပါဝင်​သွားဖြစ်​ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024