A d v e r t i s e m e n t With Us

ရန်ကုန်စည်ပင်ရွေးကောက်ပွဲ လသာမြို့နယ် မဲဆန္ဒနယ် အမှတ် ၃ တွင် မဲပေးသူ နည်းပါး

ရန်ကုန်စည်ပင်ရွေးကောက်ပွဲ လသာမြို့နယ် မဲဆန္ဒနယ်မှာ မဲပေးသူ နည်းပါးပြီး ဒီနေ့မနက် ၉ နာရီအထိ  လာရောက်မဲပေးသူ ၁၀၀ ကျော်သာ ရှိတယ်လို့ သိရပါတယ်။ မဲဆန္ဒနယ် အမှတ် ၃ မှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အလှမယ် ထက်ထက်ထွန်း လာရောက်မဲပေးခဲ့တယ်လို့ သိရပါတယ်။ လသာမြို့နယ် ၆ ရပ်ကွက် မဲရုံအမှတ် ၁ နဲ့ ၂ မှာဆိုရင် ဒီကနေ့ မနက် ၉ နာရီထိ လူဦးရေ ၁၀၀ ကျော်လောက်သာ လာရောက်ဆန္ဒမဲ ပေးနေတာကြောင့် လာရောက်ဆန္ဒမဲပေးသူ နည်းပါးနေတာပါ။ အလှမယ် ထက်ထက်ထွန်း ဝင်ရောက်ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ်အမှတ် ၃ မှာဆိုရင် ကိုယ်စားလှယ်လောင်း ၁၀ ဦး ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။ ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲ မြို့တော်ကော်မတီဝင်အဆင့်ကို ကိုယ်စားလှယ် လောင်း ၂၇ ဦး မြို့နယ်အဆင့် ၂၄၅ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။ ဒီရွေးကောက်ပွဲမှာ အမျိုးသမီးကိုယ်စားလှယ်လောင်း ၄၄ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ မြို့တော်အဆင့်နဲ့ မြို့နယ့်အဆင့် ကိုယ်စားလှယ်လောင်း ၂၇၂ ဦးထဲမှာ အန်အယ်လ်ဒီ ပါတီက ၉၁ ဦး၊ ကြံ့ခိုင်ရေးပါတီက ၂၃ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း ၁၁၄ ဦး ပါဝင်ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲကို မြို့နယ် ၃၃မြို့နယ် ကို မဲဆန္ဒနယ်မြေ ၆ ခု ခွဲခြားထားပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃.၄သန်းကျော်ရှိပါတယ်။ အခုရွေးကောက်ပွဲဟာ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ပါတယ်။ သတင်း၊ဓာတ်ပုံ ချမ်းမြေ့မောင်

A d v e r t i s e m e n t With Us

More News
Up