Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုမှထောက်ခံကြောင်းဆိုင်းဘုတ် ဖြူးမြို့၌ စိုက်ထူ
DVB
·
March 31, 2019
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုထောက်ခံတဲ့ ဆိုင်းဘုတ်ဖွင့်ပွဲကို ဒီနေ့ မနက် ၇ နာရီလောက်က ပြုလုပ်ခဲ့ကြပါတယ်။ ဆိုင်းဘုတ်ဖွင့်ပွဲကို ဖြူးမြို့နယ်အတွင်းရှိ ပြည်သူအချို့က ပြုလုပ်ခဲ့တာဖြစ်ပြီး လူဦးရေ ၅၀ လောက် တက်ရောက်ခဲ့ပါတယ်။ “၂၀၀၈ ဖွဲ့စည်းပုံကို စပြီး အတည်ပြုတုန်းကလည်း လက်မခံခဲ့ဘူး။ ပြန်ပြီးပြင်မယ်ဆိုတော့ ဝမ်းသာတာပေါ့ဗျာ။ ကျနော့်သဘောအရဆိုရင် အာဏာရှင်ကို သက်ဆိုးရှည်စေတဲ့ ဒီဖွဲ့စည်းပုံ ဥပဒေကို တအုပ်လုံး ဖျက်သိမ်းပစ်တာကို လိုချင်တာ" လို့ ဖွင့်ပွဲတက်ရောက်ခဲ့သူ ဦးဝင်းမြင့် (ကညွတ်ကွင်း) က ပြောပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအား ထောက်ခံတဲ့ ဆိုင်းဘုတ်တွေကို မြို့နယ် အတွင်းရှိ မြို့အားလုံးမှာ စိုက်ထူထားပြီး ခရိုင်မြို့ဖြစ်တဲ့ တောင်ငူမှာလည်း ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုထောက်ခံပွဲကို ဒီနေ့ပြုလုပ်သွားမှာဖြစ်ပါတယ်။ သတင်း - ကျော်အောင်(ကညွတ်ကွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024