မန်စီးတီးက ဖူလ်ဟမ်ကို ၂ ဂိုး ပြတ်အနိုင်ရပြီ အမှတ်ပေးဇယားကို ဦးဆောင် (ရုပ်သံဟိုက်လိုက်)
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာစီးတီးက အဝေးကွင်းမှာ ဖူလ်ဟမ်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
မန်စီးတီးက ဒီပွဲနိုင်လိုက်လို့ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးကို ပြန်တက်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ မန်စီးတီးကပဲ တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပါတယ်။ ဒ့ါအပြင် ဂိုးပေါက် ကန်သွင်းခွင့် ၇ ကြိမ်အထိ ရခဲ့ပြီး ဖူလ်ဟမ်ကတော့ ဂိုးပေါက် ခြိမ်းခြောက်တာတွေ မလုပ်နိုင်ခဲ့ပါဘူး။
မန်စီးတီးအတွက် ဦးဆောင်ဂိုးကို ပွဲအစ ၅ မိနစ်မှာ ဘာနန်ဒို ဆေးဗား၊ ဒုတိယဂိုးကို ၂၇ မိနစ်မှာ အဂူရိုက သွင်းယူပါတယ်။
ဒီပွဲမှာ ခြေစွမ်းပြတဲ့ တိုက်စစ်မှူး အဂူရို အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ် ခံရပါတယ်။ ဒီပွဲနိုင်တဲ့ မန်စီးတီးက ၇၇ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။