A d v e r t i s e m e n t With Us

မန်ယူက ၀က်ဖို့ဒ်ကို ၂-၁ ဂိုးဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်က ၀က်ဖို့ဒ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲဟာ နည်းပြ ဆိုရှားလ် မန်ယူမှာ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရပြီးမှ ပထမဆုံး နိုင်တဲ့ပွဲလည်း ဖြစ်ပါတယ်။ မန်ယူက ဒီပွဲမှာ နိုင်ပေမယ့်လည်း ၀က်ဖို့ဒ်အသင်းက ဂိုးပေါက် ကန်သွင်းခွင့် ပိုရခဲ့ပါတယ်။ မန်ယူအတွက် ဦးဆောင်ဂိုးကို ၂၈ မိနစ်မှာ ရက်ပ်ဖို့ဒ်က သွင်းယူပါတယ်။ အိမ်ရှင် မန်ယူအတွက် ဒုတိယဂိုးကို ၇၂ မိနစ်မှာ မာရှယ်က သွင်းယူပါတယ်။ ဒီပွဲမှာ မန်ယူနောက်တန်းက ဖေးလ်ဂျုန်း ခြေစွမ်းပြကစားနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။ ပွဲပြီးကာနီးမှာ ၀က်ဖို့ဒ်အတွက် ချေပဂိုး ၁ ဂိုးကို သွင်းယူပါတယ်။ ဒီပွဲနိုင်တဲ့ မန်ယူက ၆၁ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up