A d v e r t i s e m e n t With Us

ရန်ကုန် စည်ပင်ရွေးကောက်ပွဲ စတင်ကျင်းပ

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲကို ဒီကနေ့မှာ စတင် ကျင်းပနေပါတယ်။ ဒီရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီနဲ့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုသူတွေ၊ တသီးပုဂလ ကိုယ်စားလှယ်တွေ ၀င်ရောက် ယှဉ်ပြိုင်ပါတယ်။ အခုရွေးကောက်ပွဲမှာ စည်ပင်ဥပဒေသစ်အရ မဲဆွယ်ကာလတွေအတွင်း ကိုယ်စားလှယ်လောင်းတွေဟာ နိုင်ငံရေးပါတီတွေရဲ့ အမှတ်တံဆိပ်နဲ့ အလံတွေကို သုံးစွဲပြီး မဲဆွဲခွင့် ရထားပါတယ်။ ရန်ကုန်စည်ပင် ရွေးကောက်ပွဲမှာ အရွေးခံရတဲ့ ကိုယ်စားလှယ်ဟာ ပြည်သူတွေအတွက်၊ ရေမြောင်းစနစ်၊ မိလ္လာစနစ်၊ လမ်းတံတား စတာတွေကို လိုအပ်ချက်အရ လုပ်ဆောင်ပေးရမှာပါ။ စည်ပင်ရွေးကောက်ပွဲမှာ မြို့တော်စည်ပင်ကော်မတီဝင်အတွက် ၆ နေရာ၊ မြို့တွင်း ၃၃ မြို့နယ်အတွက် ကိုယ်စားလှယ် ၉၉ နေရာ စုစုပေါင်း ၁၀၅ နေရာအတွက် ယှဉ်ပြိုင်မှာပါ။ မဲဆန္ဒနယ် ၆ ခု သတ်မှတ်ပြီး ကိုယ်စားလှယ်လောင်း ၂၇၂ ဦး ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဓာတ်ပုံ - လွင်မိုင်း  

A d v e r t i s e m e n t With Us

More News
Up