A d v e r t i s e m e n t With Us

ပိုလန်နိုင်ငံက အသက် ၈၀ အရွယ် DJ ဘွားဘွား

DJ လို့ ပြောလိုက်ရင် လူငယ် DJ သမားတွေကိုသာ မျက်လုံးထဲ ပြေးမြင်ကြပေမယ့် ပိုလန်နိုင်ငံ ၀ါဆောမြို့က သက်ကြီး DJ ကလပ်တခုမှာတော့ အသက် ၈၀ အရွယ် DJ ၀ီခါက မင်းမူနေပါတယ်။ အ၀ါရောင် ဘောင်းဘီ၊ ပြောင်လက်နေတဲ့ ရှူးဖိနပ် နဲ့ နှုတ်ခမ်းနီ ရဲနေအောင် ဆိုးပြီး headphone တပ်ထားတဲ့ DJ ၀ီခါဟာ မြေးထိန်းရမယ့် အရွယ်မှာ သူရဲ့ စီဒီချပ်တွေ၊ မစ်ဆာ၊ လက်တော့ တွေနဲ့ အလုပ်များနေတာပါ။ DJ ၀ီခါက  DJ ဖွင့်နေချိန်မှာ သူဟာ သံစဉ်နဲ့ စည်းချက်ကို လိုက်ပါခံစားတယ်လို့ ပြောပါတယ်။ ဂီတဟာ စိတ်နဲ့ကိုယ် နုပျိုစေတာကို သိထားတဲ့ DJ ၀ီခါက ပိုလန် အငြိမ်းစားဝန်ထမ်းတွေကို  DJ အနုပညာနဲ့ ဖေ်ျာ်ဖြေနေတာ ဆယ်စုနှစ် နှစ်ခု ကြာပြီ ဖြစ်ပါတယ်။ ဒီအတွက်လည်း သူဟာ အတော်လေးကို နာမည်ရနေပါတယ်။ တနလာင်္နေ့ညတိုင်း DJ ၀ီခါဟာ ဟူလာကူလာ ကလပ်က ဧည့်ပရိသတ် တစ်ထောင်လောက်ကို ဒစ္စကို နဲ့ ရော့ခ် ဂီတကစလို့ ဆမ်ဘာနဲ့ အချစ်သီချင်းတွေအဆုံး တင်ဆက်ပေးပါတယ်။ အရင်က ကျောင်းဆရာမတဦးဖြစ်တဲ့ ၀ီခါက “အသက်အရွယ်ဟာ ကိုယ်ဘယ်လို နေသင့်တယ်ဆိုတာကို အဆုံးအဖြတ် မပေးဘူး” လို့ ပြောပါတယ်။ နောက်ပြီး DJ ၀ီခါက သာမန်အဘိုကြီးအဘွားကြီးတွေရဲ့ သမားရိုးကျပုံစံနဲ့ သူဟာ အံဝင်ခွင်ကျ မဖြစ်ဘူးလို့လည်း ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up