A d v e r t i s e m e n t With Us

အင်္ဂလန်အမျိုးသမီးအသင်း ကမ္ဘာ့အဆင့် ၃ နေရာ တက်လှမ်း

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ထုတ်ပြန်တဲ့ အဆင့်သတ်မှတ်ချက်အရ အင်္ဂလန် အမျိုးသမီးအသင်းဟာ အဆင့် ၃ နေရာကို တက်လာပါတယ်။ အင်္ဂလန် အမျိုးသမီးအသင်းဟာ အမေရိကန်က အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး မတ်လ ၅ ရက်နေ့ ပြီးဆုံးခဲ့တဲ့ SheBelieves Cup ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့တာကြောင့် အဆင့် တက်လာတာ ဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲမှာ အင်္ဂလန် အမျိုးသမီးအသင်းဟာ အမေရိကန်၊ ဂျပန်နဲ့ ဘရာဇီးအမျိုးသမီးအသင်းတွေကို ဖြတ်ကျော်ပြီး ဗိုလ်စွဲခဲ့တာပါ။ လက်ရှိ ဖီဖာရဲ့ အဆင့်သတ်မှတ်ချက်မှာ အမေရိကန်က အဆင့် ၁၊ ဂျာမဏီက အဆင့် ၂၊ အင်္ဂလန်က အဆင့် ၃ နဲ့ ပြင်သစ်အမျိုးသမီးအသင်းက အဆင့် ၄ နေရာမှာ အသီးသီး ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up