Home
မြန်မာသတင်း
ဧရာဝတီတိုင်းအစိုးရအဖွဲ့ရုံးတွင်​ မီးလန့်​မှုဖြစ်​ပွား
DVB
·
March 30, 2019
ဧရာဝတီတိုင်း​ဒေသကြီး အစိုးရအဖွဲ့ရုံးမှာ မတ်​ ၂၉ ရက်​ ​နေ့လယ်​ပိုင်းက မီးလန့်​မှုတ​ခုဖြစ်​ပွားခဲ့​တယ်​လို့ သိရပါတယ်​။ ဧရာဝတီတိုင်း​ဒေသကြီးလွှတ်​​တော်​ ၁၇ ကြိမ်​​မြောက်​ ပုံမှန်​အစည်းအ​ဝေးအပြီး မိနစ်​ပိုင်းအကြာမှာ အစိုးရအဖွဲ့ရုံးရဲ့ မီးအချက်​​ပေး​ခေါင်း​လောင်းဟာ ၅ မိနစ်​နီးပါး မြည်​နေတာ​ကြောင့် လျှပ်​စစ်​ဌာနဝန်​ထမ်း​တွေနဲ့ မီးအချက်​​ပေးစနစ်​ တပ်​ဆင်​ခဲ့​တဲ့ ကုမ္ပဏီက တာဝန်​ရှိသူ​တွေ လာ​ရောက်​စစ်​​ဆေးခဲ့​တယ်​လို့ ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့က​ ပြောပါတယ်​။ "မီးအချက်​ပြစနစ်​ ချို့ယွင်းတာမဟုတ်​ဘူး၊ တ​​ယောက်​​ယောက်​​ဆေးလိပ်​​သောက်​တာ ဖြစ်​ပါလိမ့်​မယ်​။ ​ဆေးလိပ်​​သောက်​​တော့ ​ဆေးလိပ်​မီးခိုးက ဝင်​သွားတာနဲ့ တခါတည်း မီးအချက်​​ပေးစနစ်​က အချက်​ပြတာ​ပေါ့။ ဘာပဲ​ပြော​ပြော မီးအချက်​​ပေးစနစ်​ အလုပ်​လုပ်​လုပ်​တယ်​ဆိုတာလည်း ပြတာ​ပေါ့" လို့ ဧရာဝတီတိုင်း​ဒေသကြီး လျှပ်​စစ်​ စက်​မှုလက်​မှုနဲ့လမ်းပန်းဆက်​သွယ်​​ရေးဝန်​ကြီး ဦးဝင်း​ဌေးက​ပြောပါတယ်​။ မီးလန့်​မှုမဖြစ်​ပွားခင်​ နာရီပိုင်းအလိုက ကျင်းပခဲ့တဲ့ ဧရာဝတီတိုင်း​ဒေသကြီးလွှတ်​​တော်​ ၁၇ ကြိမ်​​မြောက်​ ပုံမှန်​အစည်းအ​ဝေးမှာလည်း မြောင်းမြမြို့နယ်​လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးသန့်​​ဇော်​ဝင်းက မီး​ဘေးအန္တရာယ်​ကြိုတင်​ကာကွယ်​​ရေးနဲ့ ပတ်​သတ်​တဲ့ အဆိုတခု တင်​သွင်းခဲ့​ပြီး အဆိုကို လွှတ်​​တော်​မှာ လက်​ခံ​ဆွေး​နွေးဖို့ တိုင်း​ဒေသကြီး လုံခြုံ​ရေးနဲ့နယ်​စပ်​​ရေးရာဝန်​ကြီး ဗိုလ်​မှူးကြီး​ကျော်​စွာလှိုင်​က ​ထောက်​ခံ​ခဲ့ပါတယ်​။ "အဆိုက​တော့ ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ မီး​ဘေးအန္တရာယ်​ ​ပေါ့ဆ မီး​လောင်​မှု ​လျော့ချဖို့ကို တိုင်းအစိုးရက​နေ အခုထက်​ပိုပြီး​တော့ အစီအမံ​တွေ ချမှတ်​​ဆောင်​ရွက်​ဖို့ပါ။ အဆိုကို လွှတ်​​တော်​ကိုယ်​စားလှယ်​ လေးငါး​ဦးက​လည်း ​ထောက်​ခံ​ဆွေး​နွေး အဆိုတင်​ပြီး ကလွမ်​ ကလွမ်​နဲ့ ထမြည်​​တော့တာပဲ။ ​ရေဖြန်းစနစ်​မပါလို့​ ​​သေးတယ်​" လို့ အဆိုတင်​သွင်းခဲ့သူ ​ဧရာဝတီတိုင်း​ဒေသကြီး လွှတ်​​တော်​မှ ​မြောင်းမြမြို့နယ်​ ကိုယ်​စားလှယ်​ ဦးသန့်​​ဇော်​ဝင်းက​ ပြောပါတယ်​။ ဧရာဝတီတိုင်း​ဒေသကြီး အစိုးရအဖွဲ့ရုံးမှာ မီးအချက်​ပြစနစ်ကို လွန်​ခဲ့တဲ့ ၆ လ​ လောက်​ကတည်းက စတင်​တပ်​ဆင်​ခဲ့တာဖြစ်​ပြီး အခုပထမဆုံး မီးအချက်​​ပေး ​ခေါင်း​လောင်းထမြည်​တာလို့ တိုင်း​ဒေသကြီးအစိုးရအဖွဲ့က​နေ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024