A d v e r t i s e m e n t With Us

ရွှေ့ပြောင်းလာသူများကို မတားဆီးလျှင် အမေရိကန်-မက္ကဆီကို နယ်စပ်ပိတ်မည်ဟု ထရမ့် ခြိမ်းခြောက်

မက္ကဆီကိုနိုင်ငံအနေနဲ့ ရွှေ့ပြောင်းလာသူတွေကို မတားဆီးရင် အမေရိကန်-မက္ကဆီကို နယ်စပ်ကို ပိတ်ပစ်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၂၉ ရက်မှာ ခြိမ်းခြောက် ပြောဆိုလိုက်ပါတယ်။ ဖလော်ရီဒါ အလည်ပတ်ခရီးမှာ သမ္မတ ထရမ့်က “နယ်စပ်ကို အကြာကြီး ဆက်ပိတ်ထားမှာပါ။ ကျနော် အပျော်အပျက် ပြောနေတာ မဟုတ်ပါဘူး။ မက္ကဆီကိုဘက်က တားကိုတားရမှာပါ” လို့ ပြောခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေး အားလုံးကို ပိတ်ပစ်မှာလားဆိုတဲ့ မေးခွန်းကို ထရမ့်က “ကုန်သွယ်ရေးအားလုံးကို ပိတ်ပစ်နိုင်တယ်” လို့ ပြန်ဖြေခဲ့ပါတယ်။ သမ္မတ ရာထူးသက်တမ်း ၂ နှစ်အတွင်း ထရမ့်ဟာ မက္ကဆီကိုနယ်စပ်ကို ပိတ်ပစ်မယ်ဆိုပြီး အကြိမ်ကြိမ် ပြောထားပါတယ်။ ဒါပေမယ့် ဒီတကြိမ်မှာတော့ အမေရိကန်အစိုးရဟာ ဗဟိုအမေရိက ပြောင်းရွှေ့လာသူတွေ တဟုန်ထိုး ၀င်ရောက်လာတာကို ဖြေရှင်းနေရတာမို့ အဲဒါကို တားဆီးရေးအတွက် လိုအပ်တာတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေပါတယ်။ ပြောင်းရွှေ့လာသူ အတော်များများဟာ မက္ကဆီကိုနိုင်ငံကို ဖြတ်ပြီး အမေရိကန်-မက္ကဆီကို နယ်စပ်ကို ရောက်လာကြတာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up