တရုတ်ဟွာဝေးကုမ္ပဏီ စမတ်ဖုန်းရောင်းချမှု စံချိန်တင် အမြတ်အစွန်းရရှိ

2.6K
တရုတ်ဟွာဝေးနည်းပညာကုမ္ပဏီဟာ စမတ်ဖုန်းရောင်းချမှု စံချိန်တင်ခဲ့ပြီး အဲဒီကနေ နှစ်စဉ် အမြတ်အစွန်း ပိုမိုရခဲ့တယ်လို့ ကုမ္ပဏီက မတ်လ ၂၉ ရက်မှာ ပြောလိုက်ပါတယ်။
ရှန်းဇန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဟွာဝေးက ၂၀၁၈ ခုနှစ်မှာ P series နဲ့ Mate series လို ထိပ်တန်းမိုဒယ်ရောင်းအားကြောင့် စမတ်ဖုန်းရောင်းချငွေ အမေရိကန် ဒေါ်လာ ၅၂ ဘီလျံနဲ့ စံချိန်တင်ခဲ့တယ်လို့ ပြောပါတယ်။
ဒါဟာ ဇန်န၀ါရီလတုန်းက စမတ်ဖုန်းရောင်းချငွေနဲ့ အတူတူဖြစ်ပြီး အဲဒီတုန်းကလည်း ဟွာဝေးအနေနဲ့ ဒီနှစ်မှာ ကမ္ဘာ့အရောင်းရဆုံး စမတ်ဖုန်း ရောင်းချသူ ဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။
ဟွာဝေးရဲ့ ၂၀၁၈ အသားတင်အမြတ်ငွေ အမေရိကန် ဒေါ်လာ ၈ ဒသမ ၈ ဘီလီယံရှိပြီး လွန်ခဲ့တဲ့ နှစ်ကထက် ၂၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။
ဟွာဝေးကုမ္ပဏီ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သူ ကောင်းပင်းက အမေရိကန် အစိုးရကို ရှုံးမဲ မမဲဖို့ တိုက်တွန်းပြီး ဟွာဝေးဟာ တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အဓိပ္ပာယ် မရှိဘူးလို့ ထပ်ပြောခဲ့ပါတယ်။
ဟွာဝေးဟာ တရုတ်အစိုးရရဲ့ သြဇာခံမဟုတ်ဘူးလို့ ကုမ္ပဏီက ထပ်တလဲလဲ ပြောထားပါတယ်။