A d v e r t i s e m e n t With Us

တိုက်စစ်မှူး အိုဒွိုင်း ချဲလ်ဆီးတွင် ဆက်နေမည်ဟု နည်းပြ ယုံကြည်

ဆယ်ကျော်သက် အင်္ဂလန် လက်ရွေးစင် ဟတ်ဆန်အိုဒွိုင်းအနေနဲ့ အသင်းမှာပဲ ဆက်နေမယ်လို့ ချဲလ်ဆီးနည်းပြ ဆာရီက ယုံကြည်နေပါတယ်။ အသက် ၁၈ နှစ်အရွယ် တိုက်စစ်မှူး အိုဒွိုင်းဟာ ဥရောပရဲ့ ထိပ်တန်း ကစားသမားတဦး ဖြစ်လာလိမ့်မယ်လို့ ဆိုထားပါတယ်။ အိုဒွိုင်းဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က မွန်တီနီဂရိုနဲ့ ယူရိုပွဲစဉ်မှာ အင်္ဂလန်အတွက် ကစားပေးပြီး ခြေစွမ်းပြထားပါတယ်။ ဒါပေမယ့် ချဲလ်ဆီးအတွက်တော့ ၈ ပွဲပဲ ကစားခွင့်ရထားပါတယ်။ သူ့ကို ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသထားပါတယ်။ ချဲလ်ဆီး နည်းပြ ဆာရီကတော့ ဆက်ကျော်သက် တိုက်စစ်မှူးအနေနဲ့ တဖြည်းဖြည်းခြင်း တိုးတက်လာလိမ့်မယ်လို့လည်း ယုံကြည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up